Tuesday, June 05, 2012

ကချင်ပြည်နယ် ထိုးစစ် ချက်ခြင်းရပ်ဆိုင်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံတကာ လှုပ်ရှားမှုအဖြစ် တောင်းဆို ဆန္ဒပြပွဲ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်အပ်ပါသည်။


မြန်မာ့ဒီမိုကရေစီကွန်ယက်/ Network for Democracy in Burma (NDB)
၂၀၁၂ ခုနှစ်၊ ဇွန်လ ၅ ရက်။

ကချင်ပြည်နယ် ထိုးစစ် ချက်ခြင်းရပ်ဆိုင်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တောင်းဆို ဆန္ဒပြပွဲ။
နိုင်ငံတကာ လှုပ်ရှားမှု / Global campaign
မြန်မာနိုင်ငံသားများခင်ဗျား-

ဒီမိုကရေစီ အစိုးရတရပ်အဖြစ် ပေါ်ထွက်လာခဲ့ပြီး ပြည်သူလူထု တရပ်လုံးမှ အစဉ်တစိုက် တောင်းဆိုနေသည့် ကြားထဲမှ။  နိုင်ငံဥသျှောင် အကြီးဆုံး အချုပ်အချာ အာဏာပိုင် သမတကြီးမှ ချက်ခြင်း ရပ်တန့်ရန် အမိန့်ပေးထားသည့်ကြားထဲမှ ကချင်ပြည်နယ်အတွင်း စစ်မီးများ တောက်လောင်နေရာ ဇွန်လ ၉ ရက်ဆိုလျှင် ၁ နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်ပါတယ်။
ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ရဲ့တိုက်ပွဲများအကြား ထွက်ပြေးတိမ်းရှောင် လာကြရတဲ့ ကချင်လူမျိုးပေါင်းစုံ ဒုက္ခသည်တွေဟာ စစ်ဘေး ဒုက္ခသည် စခန်းတွေမှာ ၈၀၀၀၀ ကျော်ခန့် ရှိနေပါပြီ။ စစ်ဘေးဒုက္ခသည် အိမ်ထောင်စုတွေ၊ သက်ကြီး ရွယ်အိုတွေနဲ့ ကလေးသူငယ်တွေရဲ့နေရာထိုင်ခင်း၊ ကျန်းမားရေး၊ ပညာရေး၊ အလုပ်အကိုင်၊ အစာအဟာရ လိုအပ်ချက်တွေဟာ တစတစ များပြားလာနေပါတယ်။ နေရပ်ရင်း ဒေသရင်းကို စွန့်ခွာ ထွက်ပြေး လာခဲ့ရတဲ့ သူတို့အားလုံးဟာ တိုက်ပွဲများ လုံးဝအဆုံးသတ်သွားမယ့် ငြိမ်းချမ်းရေးကို မျှော်လင့်ရင်း နေရင်းဒေသကို ပြန်ဖို့ ဒုက္ခသည်စခန်းတွေမှာ စောင့်ဆိုင်းနေကြပါတယ်။
ကချင်ပြည်နယ်ဟာ ကျနော်တို့နိုင်ငံရဲ့ အစိတ်အပိုင်းပဲဖြစ်ပါတယ်။ ကချင်ပြည်နယ်သားတွေဟာ ကျနော်တို့ရဲ့ သွေးချင်းတွေ ကျနော်တို့ရဲ့ မိသားစုတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့အားလုံး ၀ိုင်းဝန်း တောင်းဆိုကြရအောင်။
နေ့ရက်။        ။ ၂၀၁၂ ခုနှစ်၊ ဇွန် ၈ ရက်၊ (သောကြာနေ့)
အချိန်။        ။ ညနေ ၃ နာရီမှ ၄ နာရီအထိ။
နေရာ        ။ တိုကျို ကြံဖွတ် အခွန်ရုံးရှေ့ ။
ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသည့် ဂျပန်အဖွဲ့အစည်းများနှင့်အတူ   မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB မှ နိုင်ငံတကာတွင် ရှိကြသော ဒီမိုကရေစီ အင်အားစုများ အားလုံးနှင့် အတူ ပူးတွဲ လှုပ်ရှားမှု ဖြစ်ပါသည်။

NDB ပြန်ကြားရေး။

Monday, June 04, 2012

ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ် အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တစ်ဦး အဖြစ် နိုင်ငံတကာ၌ ယူဆလာနေ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ် အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် နိုင်ငံတကာ၌ ယူဆလာနေ၊

အဂတိလိုက်စားမှုများကို ပိုဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုများကို မလိုလားကြောင်းနှင့် စီမံကိန်းကြီးများ ပွင့်လင်းမြင်သာမှု မရှိပါက အနာဂတ်တွင် ပြဿနာဖြစ်လာနိုင်ကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား၊


 ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော World Economic Forum on East Asia 2012 သို့ တက်ရောက်ရန် သွားရောက်ခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်မှာ အံ့သြဖွယ် အောင်မြင်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင် တစ်ဦးအဖြစ်ပါ နိုင်ငံတကာက ယူဆလာနေကြောင်း ဘန်ကောက်မြို့တွင် ရောက်ရှိနေသော Eleven Media Group ၏ အကြီးတန်း အယ်ဒီတာ ကိုနေထွန်းနိုင်၏ သတင်းပေးပို့ချက်အရ သိရှိရသည်။



၆ ရက်ကြာ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ ရွှေ့ပြောင်းလုပ်သားများရှိရာ မဟာချိုင်ဒေသသို့ သွားရောက်ပြီး လေ့လာခဲ့သလို ထိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အတိုက်အခံပါတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာအလုပ် သမားများ၏ အရေးကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ဇွန်လ ၂ ရက် နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းသို့ သွားရောက်ကာ လေ့လာမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အထူးဧည့်သည်အဖြစ် ဖိတ်ကြားခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁ ရက်နေ့တွင် World Economic Forum on East Asia 2012 သို့ တက်ရောက်လာသော ကမ္ဘာ့စီးပွားရေး ခေါင်းဆောင်များအား မြန်မာနိုင်ငံနှင့် သက်ဆိုင်သော အမှာစကား ပြောကြားခဲ့ကာ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလ (၂၉) ရက်၊ ဒေသစံတော်ချိန် ည ၉ နာရီ၊ မိနစ် ၃၀ ခန့်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ပြီး မေလ ၃၀ ရက် နေ့ နံနက်ပိုင်းတွင် မြန်မာ ရွှေ့ပြောင်း လုပ်သားများ အများဆုံး လာရောက်လုပ်ကိုင်နေသည့် မဟာချိုင် ဒေသသို့ သွားရောက်ခဲ့သည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားများအပြင် ထိုင်းလူမျိုးများပါ ကြိုဆိုခဲ့ကြသည်။

“မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို သိချင်လို့။ အခြေအနေကို သိချင်တယ်ဆိုတာ ဒီအခြေအနေကို ကောင်းသွားအောင် ဘယ်လိုလုပ်မလဲဆိုတာ လေ့လာခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ အားလုံးရဲ့ အန္တိမ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေ ပြန်လာချင်တဲ့အခါ ပြန်လာနိုင်တဲ့ အခြေအနေတွေ ဖန်တီးဖို့ပါ။ ဒီလို အခြေအနေတွေကို ဖန်တီးချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က မဟာချိုင်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး “ရွှေ့ပြောင်း အလုပ်သမားတွေတင် မကဘူး၊ အလုပ်သမား အားလုံးရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို ဥပဒေ ဘောင်အတွင်းကနေ ကာကွယ်စောင့်ရှောက် ရမယ်။ ဒီလို ကာကွယ်စောင့်ရှောက်တဲ့ နေရာမှာ စနစ်တကျနဲ့ အေးအေးချမ်းချမ်း လုပ်စေချင်တယ်။ မျက်နှာငယ်စရာ၊ အားငယ်စရာ မလိုဘူး။ သမိုင်းဆိုတာ အမြဲတမ်း ပြောင်းလဲနေတာပဲ။ လက်ရှိအချိန်မှာ ကျွန်မတို့ နိုင်ငံသားတွေ ဒီနိုင်ငံကို လာပြီးလုပ်နေရတယ်ဆိုပေမယ့် နိုင်ငံရဲ့ အခြေအနေတွေ ပြောင်းလာတာနဲ့အမျှ ကျွန်မတို့ရဲ့ နိုင်ငံသားတွေရဲ့ တန်ဖိုးကလည်း တက်လာမှာပဲ ဆိုတာ ယုံကြည်ကြပါ။ ကျွန်မတို့ အနေနဲ့ တတ်နိုင်သမျှ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ ရအောင်၊ မျှမျှတတ ဖြစ်အောင် ကြိုးစားပါမယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေဟာ ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် ထမ်းဆောင်ရမှာပဲ။ တာဝန်ဆိုတာ ကိုယ့်ရဲ့ အမိနိုင်ငံ အပေါ်မှာလည်း တာဝန်ရှိတယ်။ အိမ်ရှင်နိုင်ငံ အပေါ်မှာလည်း တာဝန်ရှိတယ်။ ဟိုဘက်ဒီဘက် မြင်တဲ့အမြင်ရှိမှ အဆင်ပြေအောင် လုပ်နိုင်မှာပါ။ ကျွန်မတို့ မေ့မထားဘူး ဆိုတာကို ဘယ်တော့မှ သံသယ မဖြစ်ပါနဲ့။ ရွှေ့ပြောင်း အလုပ်သမားတွေကို ဘယ်တော့မှ မမေ့ထား ပါဘူးလို့ ပြောပါရစေ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မဟာချိုင်တွင် Talaat Kung(ပုစွန်ဈေး)နှင့် MWRN Learning Center သို့ သွားရောက်ခဲ့ပြီး ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား မိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် လုပ်ငန်းပေါင်းစုံမှ ရွှေ့ပြောင်း လုပ်သား ၂၇ ဦးနှင့် သီးခြား တွေ့ဆုံခဲ့ပြီး အလုပ်သမား ရေးရာကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဆွေးနွေးမှု အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံတွင် ပြဌာန်းထားသော ဥပဒေများကို နားလည်မှု မရှိသလို ထိုင်းအစိုးရ အနေဖြင့်လည်း မြန်မာအလုပ်သမားများ နားလည်လာစေရန် အသိပညာပေးမှု အားနည်းသည်ဟု သုံးသပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မေလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ် အချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းဝန်ကြီးချုပ်ဟောင်းနှင့် အတိုက်အခံ ပါတီခေါင်းဆောင် အဘီးဆစ်က တည်းခိုရာ ရှန်ဂရီလာဟိုတယ်သို့ လာရောက် တွေ့ဆုံခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုများ အပြီးတွင် မစ္စတာအဘ်ဟီးဆစ်က မြန်မာနိုင်ငံ စီးပွားရေးနှင့် ပတ်သက်သော ဥပဒေများ၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေများ ပေါ်ထွက်မှု အားနည်းနေခြင်းက ပြောင်းလဲမှုအတွက် လိုအပ်ချက် ဖြစ်နေသေးသည်ဟု သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

မြန်မာ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်ပြီး မေလ ၃၁ ရက် ညနေပိုင်းက မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers ၌ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ခြင်းမှာ အစည်းအဝေး တက်ရန် ဆိုသည်ထက် ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များ၏ ဘ၀အခြေအနေများကို သုံးသပ်ပြီး မည်သည့်နည်းဖြင့် သက်သာစေရန် လုပ်ဆောင်နိုင်မည့် နည်းလမ်းကို ရှာဖွေလိုခြင်းက ပို၍ အရေးကြီးကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် သူမ၏ တာဝန်မှာ ပြည်ပရောက် မြန်မာအလုပ်သမားများ မိခင်နိုင်ငံသို့ ပြန်လာချိန်တွင် လုံခြုံစိတ်ချစွာ ပြန်လာနိုင်ရေးအတွက် လုပ်ဆောင်ပေးရမည်ဟု နားလည်ကြောင်း ပြောဆိုသွားခဲ့သည်။


(၂၁)ကြိမ်မြောက် အရှေ့အာရှ စီးပွားရေးဖိုရမ် (World Economi Forum on East Asia 2012) သို့ တက်ရောက်ရန် ရောက်ရှိနေသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁ ရက်နေ့တွင် စီးပွားရေး ဖိုရမ်သို့ တက်ရောက်လာသော နိုင်ငံတကာမှ စီးပွားရေး ခေါင်းဆောင်များအား ၁၅ မိနစ်ကြာ အမှာစကား ပြောကြားခဲ့ကြောင်း သိရပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ် ခဲ့သော်လည်း အဂတိ လိုက်စားမှုနှင့် မညီမျှမှုများကို ဖြစ်ပေါ်စေနိုင်သော ရင်းနှီးမြှုပ်နှံမှုများကို မလိုလားကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

ထို့အပြင်သူမက မြန်မာနိုင်ငံတွင် ဥပဒေကောင်းများ ရှိနေသော်လည်း အဓိက ကျောရိုးဖြစ်သည့် တရားစီရင်ရေးကဏ္ဍတွင် သန့်ရှင်း လွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ပြောဆိုသွားခဲ့ပြီး ရင်းနှီး မြှုပ်နှံမှု ဥပဒေဆိုင်ရာ ဥပဒေများ ရှိနေခဲ့ပင်လျင် အဆိုပါ ဥပဒေများကို လွတ်လပ်စွာသုံးစွဲခွင့် ရမရဆိုသည်ကို သတိထားစေလိုကြောင်း ပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ပြုပြင်ပြောင်းလဲရေး၊ အလုပ်လက်မဲ့ ပြဿနာ၊ ပညာရေး၊ တရားရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ အကျင့်ပျက် ခြစားမှုစသည့် အကြောင်းအရာများကို ပြောဆိုခဲ့သလို WEF အမှုဆောင်ဥက္ကဋ္ဌ Klaus Schwab ၏ မေးခွန်းများကိုလည်း ဖြေဆိုခဲ့သည်။ 



အဆိုပါ အစီအစဉ်အပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတကာ သတင်းထောက်များ၏ မေးမြန်းမှု များကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့ရာ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံမှ လာရောက်ရင်နှီး မြှုပ်နှံနေသော စီမံကိန်းများနှင့် ပတ်သက်ပြီး မေးမြန်းခဲ့သော မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် စီမံကိန်းကြီးများအနေဖြင့် ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်သည်ဟု ပြောဆိုခဲ့ပြီး မြန်မာပြည်သူများအနေဖြင့် အဆိုပါ စီမံကိန်းကြီးများနှင့် ပတ်သက်သော စာချုပ်ပါ အချက်အလက်များကို သိခွင့် မရကြောင်း၊ စီမံကိန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခွင့်၊ အမြင်ချင်း ဖလှယ်ခွင့် မရကြကြောင်း၊ ယင်းအချက်မှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် အလွန်အန္တရာယ်များစေကြောင်း ပြန်လည်ဖြေကြား သွားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က မဟာဗျူဟာအရ အရေးပါနေသော မြန်မာနိုင်ငံအပေါ် လွှမ်းမိုးရန် အပြိုင်အဆိုင် ကြိုးပမ်းနေသည့် အမေရိကန်နှင့် တရုတ်တို့အတွက် မြန်မာနိုင်ငံသည် မြေဇာပင်ဖြစ်မည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
"အမေရိကန်နဲ့ တရုတ်တို့အတွက် မြန်မာနိုင်ငံကို တိုက်ပွဲမြေပြင် နေရာလို သဘောထားခံရမှာကို ကျွန်မ အမြဲတမ်း စိုးရိမ်နေပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်နှင့် မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ အိမ်နီးချင်းကောင်းများ ဖြစ်ခဲ့ကြောင်း၊ အင်အားကြီး နှစ်နိုင်ငံအတွက် မြန်မာနိုင်ငံသည် ချစ်ကြည် ရင်းနှီးမှုမျှဝေနိုင်သည့် နေရာ တစ်နေရာသာ ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများသည် ခြစားမှုနှင့် မညီမျှမှုတို့ကို ပိုမိုဆိုးရွားစေမည့် ရင်းနှီးမြှုပ်နှံမှုမျိုး မဖြစ်သင့်ဘဲ နိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် ရင်းနှီးမြှုပ်နှံမှုမျိုးသာ ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီးမြှုပ်နှံ သူများကို တောင်းဆိုခဲ့သည်။ အလုပ်အကိုင် ဖန်တီးမှုများနှင့် မြန်မာ့လုပ်သားထုအတွက် လေ့ကျင့်သင်ကြားပေးမှုများတွင် အာရုံစိုက် လုပ်ဆောင် စေလိုကြောင်း သူမက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန် ရင်းနှီးမြှုပ်နှံ သူများအား တောင်းဆိုခဲ့ပြီး ငယ်ရွယ်သူ အလုပ်လက်မဲ့များပြားနေခြင်း ပြဿနာမှာ ချိန်ကိုက်ဗုံးတစ်ခု ဖြစ်နေကြောင်း သတိပေး ပြောကြားခဲ့သည်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး အလွန်အကျွံ အကောင်း မမြင်ရန် လိုအပ်ကြောင်း၊ လက်ရှိပြုပြင် ပြောင်းလဲမှုများသည် နောက်ကြောင်း ပြန်မလှည့်နိုင်ဟု မဆိုနိုင်သေးကြောင်း သတိပေးပြောကြားခဲ့သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၏ ခရီးစဉ်နှင့် ပတ်သက်ပြီး နိုင်ငံတကာနှင့် ထိုင်းနိုင်ငံသားများကလည်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ နည်းတူ စိတ်လှုပ်ရှားစွာဖြင့် ကြိုဆိုခဲ့ကြသည်ဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေရာမှန်ကို အချိန်ကိုက်ရောက်လာခဲ့တယ်လို့ ထင်ပါတယ်။ WEF မှာ သူပြောခဲ့တဲ့ စကားတွေကလည်း ရှင်းလင်းပြတ်သားပါတယ်။ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း ပြောခဲ့သလို လာရောက်ရင်းနှီးမြုပ်နှံမှုတွေဟာ ပွင့်လင်းမြင်သာမှု ရှိရမယ် ဆိုတဲ့အချက်ကိုလည်း ပြတ်ပြတ်သားသားပြောခဲ့ပါတယ်။

နောက်တစ်ချက်ကတော့ မြန်မာရွေ့ပြောင်း အလုပ်သမားတွေရှိနေတဲ့ မဟာချိုင်ကို သွားခဲ့တာပါ။ မြန်မာခေါင်းဆောင် အဆက်ဆက်ဟာ ဒီနေရာကို မသွားကြတဲ့အချိန်မှာ သူကသွားခဲ့ပါတယ်။ သူရောက်သွားအချိန်မှာ မြန်မာအလုပ်သမားတွေ ပျော်နေတာကို တီဗွီကတစ်ဆင့် ကြည့်ရတော့ ကိုယ်ပါပျော်မိပါတယ်။ 

နောက်ပြီး တစ်နေရာထဲမှာ မြန်မာအလုပ်သမားတွေ အများအပြားစုခဲ့တာကို ဒီတစ်ခါပဲ မြင်ခဲ့ရတယ်။ တကယ်တမ်းအားဖြင့်တော့ ထိုင်းအစိုးရကိုယ်တိုင် မြန်မာရွေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ဖိအားတွေရှိနေပါတယ်။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ရောက်လာပြီး နှစ်ဖက် ပြေလည်စေမယ့် နည်းလမ်းတွေရဖို့ ကြိုးပမ်းခဲ့တာဟာ ထိုင်းအစိုးရအတွက် စိတ်သက်သာရာ ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် WEF အပါအ၀င် ထိုင်းခရီးစဉ်တစ်ခုလုံးဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် နေရာမှန်ကို အချိန်ကိုက် ရောက်လာတယ်လို့ ယူဆပါတယ် ဟု Nation Media မှ သတင်းထောက် ထိုင်းနိုင်ငံသား Nuthatai Chotechuang က ပြောကြားခဲ့သည်။

Asai Pacifice Media Services ၏ Correspondent ဖြစ်သူ Bertil Lintner ကလည်း-
“ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ အရည်အသွေးကို ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ WEF မှာတင်မကပဲ ထိုင်းခရီးစဉ် တစ်ခုလုံးမှာပါ ပြသလိုက်တာပါ။ WEF လို စီးပွားရေးဖိုရမ် တစ်ခုမှာ စီးပွားရေးနဲ့ ခြစားမှုအရေး ကိစ္စတွေကို ပြောသွားခဲ့ပါတယ်။ ဒါဟာ သူ့အနေနဲ့ ဒီမိုကရေစီအရေးမှာတင် မကဘဲ ကမ္ဘာ့စီးပွားရေး ဇာတ်ခုံမှာပါ နိုင်ငံတကာရဲ့ လေးစားမှုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အထူးသဖြင့် မြန်မာနိုင်ငံက ခေါင်းဆောင်တစ်ဦး အဖြစ်သာမကဘဲ နိုင်ငံတကာရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တယ် ဆိုတာကို ပြသလိုက်နိုင် ပါတယ်။ မြန်မာတွေ လက်လွှတ်ခဲ့ရတဲ့ အခွင့်အရေးတွေကို သူကပြန်ပြီး ဆုပ်ကိုင်ပြခဲ့တာပါ။ နောက်တစ်ချက်ကတော့ မဟာချိုင် သွားခဲ့တဲ့ ခရီးမှာရော၊ ဒုက္ခသည်စခန်းကို သွားခဲ့တဲ့ ခရီးစဉ်မှာပါ သူမဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ပိုပြီးခိုင်မာစေခဲ့ပါတယ်။ ဒီအချက်ဟာ အလွန်ကောင်းမွန်တဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ လုပ်ပေးနိုင်တာတွေကို ဖြစ်မြောက်အောင် လုပ်နိုင်ပါ့မလား။ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအရ သူ့မှာ ကန့်သတ်ချက်တွေ ရှိနေသေးတယ်လို့ ထင်ပါတယ်” ဟု ပြောကြားပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တစ်လျှောက် ပြောကြားမှုများ တွေ့ဆုံဆွေးနွေးမှုများ အပါအ၀င် သတင်းဖြစ်စဉ်များကို CNN အပါအ၀င် ကမ္ဘာ့မီဒီယာများ၊ သတင်းစာများက ထိပ်တန်းသတင်းအဖြစ် ဖော်ပြခဲ့ကြသည်။
မေလ၂၉ ရက်နေ့မှ စတင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် ဇွန်လ ၃ ရက်နေ့တွင် ပြီးဆုံးခဲ့ပြီး ထိုနေ့တွင်ပင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
အစိုးရ သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့်ပတ်သက်၍ သတင်းဖော်ပြခြင်း မရှိကြောင်း တွေ့ရှိရသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နှစ်ပေါင်း(၂၄)နှစ်အတွင်း တိုင်းပြည်ပြင်ပသို့ ပထမဆုံးအကြိမ် ခရီးထွက်ခဲ့ခြင်းဖြစ်ပြီး ဇွန်လအတွင်း၌ ဆွန်ဇာလန်၊ နော်ဝေ၊ ယူကေနှင့် အိုင်ယာလန်နိုင်ငံများသို့ ခရီးထွက်ဦးမည်ဖြစ်ကြောင်း သိရှိရသည်။
ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်များမှ ကောက်နှုတ်ချက်အချို့
  • 'အိမ်ပြန်ချင်တယ်လို့ ပြောတဲ့သူတိုင်းကို ပြောပါရစေ။ ကျွန်မတို့ ပြည်သူတွေရဲ့ အိမ်ဟာ ဘယ်တော့မှ ပြောင်းရွှေ့သွားမှာ မဟုတ်ပါဘူး။ အဲဒီအိမ်ဟာ ကျွန်မတို့ ပြည်သူတွေနေထိုက်တဲ့ အိမ်ဖြစ်အောင်လို့ အမြန်ဆုံး ကြိုးစားပါ့မယ်' (ရွှေ့ပြောင်း အလုပ်သမားများ တိုင်းပြည်သို့ ပြန်လာနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည့်အကြောင်း ပြောကြားခဲ့မှု)
  • 'အမေရိကန်နဲ့ တရုတ်တို့အတွက် မြန်မာနိုင်ငံကို တိုက်ပွဲမြေပြင်နေရာလို သဘောထားခံရမှာကို ကျွန်မအမြဲတမ်း စိုးရိမ်နေပါတယ်'
    (မဟာဗျူဟာအရ အရေးပါသော မြန်မာနိုင်ငံတွင် အမေရိကန်နှင့် တရုတ်တို့ လွှမ်းမိုးရန် ကြိုးပမ်းနေမှုအပေါ် သတိပေးစကား)
  • 'ကျွန်မတို့ ပြည်သူတွေအနေနဲ့ ဒီစီမံကိန်းစာချုပ်တွေမှာ ဘယ်လို သဘောတူညီချက်တွေ ပါဝင်ပြီး ဘယ်လိုဖြစ်လာမယ်ဆိုတာကို သိခွင့် မရှိပါဘူး။ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အမှောင်ချထားခံရပါတယ်။ ဒါဟာ တိုင်းပြည်အတွက် အလွန်အင်မတန် အန္တရာယ်များပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အန္တရာယ်ရှိပြီး သံသယစိတ်တွေကို တိုးပွားစေသလို မယုံကြည်မှုတွေကို တိုးပွားစေပါတယ်'
    (စီးပွားရေး စီမံကိန်းများနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန် ပြောကြားချက်)
  • 'အကျင့်ပျက် ခြစားမှုတွေကို အားပေးတဲ့ ရင်နှီးမြှုပ်နှံမှုကို မလိုချင်ပါဘူး။ ရင်နှီးမြှုပ်နှံမှုတွေဟာ မညီမျှမှုတွေဖြစ်ပေါ်ပြီး အကျိုးခံစားခွင့်ရနေတဲ့သူတွေကိုသာ အကျိုးရှိစေမယ့် အဖြစ်မျိုးကို မလိုချင်ပါဘူး'
    (အကျင့်ပျက်ခြစားမှုများကို အားပေးစေမည့် ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ကြရန် သတိပေးပြောဆိုခဲ့မှု)
  • 'မြန်မာနိုင်ငံမှာ ဥပဒေကောင်းတွေ ရှိနေပေမယ့် တရာစီရင်းရေးကဏ္ဍမှာ သန့်ရှင်းပြီး မျှတတဲ့ တရားစီရင်ရေးစနစ် မရှိသေးပါဘူး။ ကမ္ဘာပေါ်မှာ ဘယ်လောက်ကောင်းတဲ့ ဥပဒေဖြစ်ပါစေ လက်တွေ့ အသုံးချမှု မရှိခဲ့ရင် အသုံးဝင်တဲ့ ဥပဒေဖြစ်လာမှာ မဟုတ်ပါဘူး'
    (ရင်နှီးမြှုပ်နှံမှုများအတွက် တရားဥပဒေစိုးမိုးမှုအပြင် လုံခြုံစိတ်ချရသော အာမခံချက်ရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့မှု)
  • 'ဒီပြဿနာတွေက စိတ်လှုပ်ရှားခံစားမှုနဲ့ ဖြေရှင်းလို့ မရဘူး။ လက်တွေ့ကျကျ ဖြေရှင်းရမယ်'
    (မယ်လဒုက္ခသည်စခန်းမှာ ဒုက္ခသည်များအရေးနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည့်စကား)
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အပေါ် အမြင်များ
“၂၀ ရာစုရဲ့ ကမ္ဘာ့အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေးသမိုင်းကို ပြောမယ်ဆိုရင် နယ်လ်ဆင်မင်ဒဲလားကို ချန်ထားလို့မရသလို ၂၁ ရာစုရဲ့ ကမ္ဘာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး သမိုင်းကို ပြောမယ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချန်ထားလို့ မရတော့ပါဘူး။
ဒါကို အားလုံး အသိအမှတ် ပြုကြရပါမယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း အစိုးရကို မှားရင်မှားသလို ဝေဖန်ထောက်ပြပြီး မှန်ရင်မှန်သလို ချီးကျူးမှုတွေ ပြုလုပ်သင့်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးလုပ်သင့်ပါတယ်။
အစိုးရအနေနဲ့လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားအရေး ကိစ္စတွေမှာဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ ပါဝင်ခွင့်ကို ပိုမိုချဲ့ထွင် ပေးသင့်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ထိုင်းနိုင်ငံလိုပဲ တာဝန်ယူပြီး နိုင်ငံခေါင်းဆောင် တစ်ဦးလို ပြုမူဆက်ဆံသင့်ပါတယ်။
အစိုးရမီဒီယာတွေ အနေနဲ့လည်း ဒီလိုပဲ ပြုမူ ဖော်ပြသင့်ပါတယ်။ အစိုးရခေါင်းဆောင်၊ လွှတ်တော် ခေါင်းဆောင်တွေနဲ့ သာမက တပ်မတော်ခေါင်းဆောင်တွေနဲ့လည်း ရင်းနှီးခင်မင်စွာ ဆက်ဆံသင့်ပါတယ်။ သေချာတာကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့ခေါင်းဆောင်တွေသာမက ကမ္ဘာ့ပြည်သူတွေကပါ လေးစားတဲ့ ခေါင်းဆောင်တစ်ဦး ဆိုတာ ဒီခရီးစဉ်မှာ သိသာစေခဲ့ပါတယ်”

ဒေါက်တာသန်းထွဋ်အောင်
(CEO, Eleven Media Group)
“ထိုင်းမှာ ကျွန်တော်နေခဲ့တဲ့ ၂၄ နှစ်တာ အတွေ့အကြုံအရ မြန်မာလို့ဆိုရင် ဒေါ်စုကိုပဲ အသိဆုံးပါ။ သူဒီကိုလာတဲ့အတွက် ဒီမှာရောက်နေတဲ့ မြန်မာတွေ ပျော်ကြသလို ထိုင်းတွေလည်း တော်တော်ပျော်ကြပါတယ်။ ကမ္ဘာက လေးစားရတဲ့ လူတစ်ယောက်၊ သူတို့လေးစားတဲ့ လူတစ်ယောက်ကို သူတို့လည်း တွေ့ချင်တဲ့အတွက် ပျော်ကြတာပါ။ သူတို့ကြားဖူးနေတဲ့ လူတစ်ယောက်ကို တွေ့ရတော့မယ်ဆိုပြီး ကြည်နူးပြီးကို ပျော်ကြတာပါ။
နောက်ပြီး ထိုင်းမှာက မီဒီယာအားကောင်းတော့ ဒေါ်အောင်ဆန်းစုကြည် သတင်းက မီဒီယာတိုင်းကို လွှမ်းမိုးသွားပါတယ်။ တစ်နေ့ကဆို ဘဏ်သွားရင်း လူတစ်ယောက်က ပြောတယ်။ ဗမာသတင်းကတော့ Top 10 ကတောင် မဆင်းတော့ဘူးတဲ့။ အားလုံးက ဒေါ်စုသတင်းပဲဖြစ်နေခဲ့တယ်"

ဒေါက်တာနိုင်အောင်
(Forum for Democracy in Burma, အတွင်းရေးမှူးချုပ်)
နှစ်ပေါင်းများစွာ ကြာမြင့်အောင်ရှိနေတဲ့ ဒုက္ခသည်စခန်းကို သူသွားခဲ့တာဟာ အလွန်ကောင်းတဲ့ လုပ်ရပ်ပဲလို့ ထင်ပါတယ်။ လက်ရှိ အခြေအနေအရ တကယ်ကို သွားသင့်တဲ့ နေရာတစ်ခုပါပဲ။ အကူအညီ လိုအပ်နေတဲ့ လူတွေ၊ နေထိုင်မှု ခက်ခဲနေတဲ့ လူတွေဟာ နယ်စပ်တစ်လျှောက်မှာအများကြီး ရှိနေခဲ့ပါတယ်။ တိုးပွားလာနေတဲ့ ဒုက္ခသည်တွေကို အကူအညီပေးတဲ့ အဖွဲ့အစည်းတွေ ရှိနေပေမယ့် သူတို့လည်း အကူအညီတွေ လိုအပ်နေတာပါ။
ဒါကြောင့် ဒုက္ခသည်စခန်းကို ဒေါ်အောင်ဆန်းစုကြည် သွားခဲ့တာဟာ အားလုံးအတွက် အကျိုးရှိစေခဲ့ပါတယ်။ တိုင်းရင်းသား အဖွဲ့တွေနဲ့ အစိုးရ အဖွဲ့သစ်အကြား ဆွေးနွေးမှုတွေမှာလည်း အထောက်အကူ ဖြစ်စေမှာပါ။
WEF ကတော့ ကမ္ဘာ့စီးပွားရေး မျက်နှာစာတစ်ခုပါပဲ။ ဒီဖိုရမ်ကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်းအားဖြင့် မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေ မြန်မြန်ဆန်ဆန် ရောက်ရှိလာနိုင် စေပါတယ်။ နောက်ပြီး WEF ဆိုတာ စီးပွားရေး တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ အောင်မြင်မှုရှိခဲ့ပါတယ်။ အထူးသဖြင့် ဒုက္ခသည်စခန်းသွားပြီး တိုင်းရင်းသား လူမျိုးစုတွေနဲ့ တွေ့ဆုံခဲ့တာဟာ မြန်မာနိုင်ငံအတွက် ကောင်းကျိုးရရှိစေမှာပါ"
Asia Reportes မှ Martin Stanford
ခရီးစဉ်ကာလထဲမှာ ဒုက္ခသည်စခန်းကို သွားခဲ့တာကတော့ ကောင်းတဲ့ လက္ခဏာတစ်ခုပါပဲ။ ဒီမတိုင်ခင် အချိန်ကတော့ ဒီလိုဒုက္ခသည် စခန်းကို သူသွားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ ဒီမှာရှိနေတဲ့ မြန်မာတွေ အတွက်ရော၊ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီဖြစ်တဲ့ ဒုက္ခသည် စခန်းတစ်ခုအတွက်ပါ ကောင်းတဲ့အချက် တစ်ခုပါပဲ။ ဒုက္ခသည် စခန်းထဲမှာ နေထိုင်နေကြတဲ့ သူတွေဟာ မျှော်လင့်ချက်တစ်ခု အတွက်နဲ့ အသက်ရှင်နေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တဲ့အတွက် လူတွေဟာ သူတို့မျှော်လင့်ချက်အပေါ် ယုံကြည်ချက် ခိုင်မာလာစေမှာပါ။ ပြီးတော့ ယုံကြည်ချက် ခိုင်မာမှုတွေကို တခြားသူတွေနဲ့ ထပ်တူမျှဝေ လာနိုင်မှာပါ။ ကျွန်မ ဘ၀တစ်လျှောက်လုံးမှာတော့ ဒီနိုင်ငံထဲမှာ မြန်မာတွေ တစ်နေရာတည်း အများကြီးစုနေတာကို ဒီတစ်ခါပဲ မြင်ဖူးတာပါ။

နောက်တစ်ခုကတော့ WEF ကနေတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ကိုတင်မကပဲ မြန်မာကိုပါ ပြသနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးတိုးတက်မှုတွေ အပါအ၀င် တခြားအရာ အားလုံးအတွက် အခြားနိုင်ငံတွေရဲ့ အာရုံစိုက်မှု ဖြစ်စေခဲ့ပါတယ်။

ဒါဟာ မြန်မာနိုင်ငံအတွက် ကောင်းတဲ့အခြေအနေ တစ်ခုပါပဲ။ ထိုင်းအတွက်လည်း မျှတတဲ့ရလဒ်တစ်ခုလို့ ပြောနိုင်ပါတယ်။ 

အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ မြင်ကွင်းထဲ လက်တွဲခေါ်ဆောင် နိုင်ခဲ့တယ်လို့ မြင်ပါတယ်။ အနာဂတ်မှာ ထိုင်းနဲ့မြန်မာဟာ ဖွံ့ဖြိုးတိုးတက်မှုတွေ အတူတကွ လုပ်ဆောင်နိုင်မယ့်အခြေအနေ ဖြစ်လာပါတယ်။ ထိုင်းနိုင်ငံသား တစ်ဦးအနေနဲ့ ဒီလိုပဲမြင်မိပါတယ်”
Am Puchara
(CNN Stringer နှင့်ထိုင်းသတင်းထောက်)
by General Knowledge facebook မှ

ထိုင်း-မြန်မာဆက်ဆံရေးအပေါ် ထိုင်းဝန်ကြီးချုပ်စိုးရိမ်


မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ စီစဉ်ထားတဲ့ ထိုင်းခရီးစဉ် ၂ ကြိမ်ဆက်တိုက် ရွှေ့ဆိုင်းလိုက်တဲ့နောက်မှာ မြန်မာနှင့်ထိုင်းနိုင်ငံ ဆက်ဆံရေးနဲ့ပတ်သက်လို့ စိတ်ပူမိတယ်လို့ ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်န၀ပ်က ပြောပါတယ်။

မြန်မာအစိုးရဘက်က နားလည်မှုလွဲမှာ စိုးရိမ်မိလို့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးကတဆင့် မြန်မာအစိုးရကို ရှင်းပြဖို့ ညွှန်ကြားထားတယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောတာကို ဘန်ကောက်အခြေစိုက် နေရှင်းသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့အပတ်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးအပေါ် မြန်မာအစိုးရဘက်က မကျေမနပ်ဖြစ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့ ပြီးခဲ့တဲ့အပတ် အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ဖိုရမ်နဲ့ တိုက်ဆိုင်နေတဲ့ ဘန်ကောက် ခရီးစဉ်ကို ဒီတပတ် တနင်္လာနေ့ကို ရွှေ့ဆိုင်းခဲ့ပြီးနောက် သောကြာနေ့မှာ နောက်တခါ အစီအစဉ်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း သမ္မတရုံးရဲ့ ၀က်ဆိုက်မှာ ကြေညာလိုက်တာပါ။


သမ္မတရုံးရဲ့ ဇွန် ၁ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ “ဇွန်လ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ သွားရောက်မည့် ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အား အကြောင်း မညီညွတ်ပါသဖြင့် ရွှေ့ဆိုင်းလိုက်ပြီး နှစ်နိုင်ငံ အဆင်ပြေမည့်အချိန်ကို ပြန်လည်ညှိနှိုင်းစီစဉ်သွားမည်” လို့ ဖော်ပြထားပါတယ်။


ထိုင်းအစိုးရပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးဖိုရမ် တက်ရောက်ဖို့ အစီအစဉ်ကို သူတို့ စီစဉ်တာမဟုတ်ဘဲ ဖိုရမ် စီစဉ်သူတွေရဲ့ အစီအစဉ်လို့ ပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို နှစ်ကြိမ်တွေ့ဆုံခဲ့သလို၊ ထိုင်း-မြန်မာနယ်စပ်က မယ်လဒုက္ခသည် စခန်းကိုလည်း ထိုင်းလုံခြုံရေးတွေရဲ့ အကူအညီနဲ့ သွားရောက်ခဲ့ပါတယ်။


မြန်မာအစိုးရဘက်က မကျေမလည် အဖြစ်ဆုံးကိစ္စကတော့ ထိုင်း-ဒုဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရအိမ်တော်မှာ လက်ခံတွေ့ဆုံခဲ့တဲ့ ကိစ္စလို့ အမည်မဖော်လိုတဲ့ ထိုင်းအစိုးရအရာရှိတဦးက ပြောတာကို နေးရှင်းသတင်းစာမှာ ဖော်ပြထားပါတယ်။


ထိုင်းဒုဝန်ကြီးချုပ်နဲ့ တွေ့လိုက်တဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကိစ္စနဲ့ မြန်မာဒုက္ခသည်အရေးမှာ မြန်မာအစိုးရထက် ထူးထူးခြားခြား ကိုင်တွယ်ပြနိုင်လိုက်တယ်လို့ အဲဒီ အမည်မဖော်လိုတဲ့ အစိုးရအရာရှိက ဆိုပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေး ဖိုရမ်အတွင်းမှာ ထိုင်းဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့သလို၊ အတိုက်အခံပါတီက ခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း အဘိဇစ် ၀ိချချီဝ နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပါတယ်။


ဒါပေမယ့် ဒီခရီးစဉ်အတွင်းမှာပဲ မဲဆောက်မှာ တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့ တွေ့ဆုံမယ့် အစီအစဉ်အပါအ၀င် တချို့အစီအစဉ်တွေကို နှစ်နိုင်ငံဆက်ဆံရေးကို ငဲ့ပြီး ဖျက်သိမ်းခဲ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးခွန်သာမြင့်က မီဒီယာတွေကို ပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်အတွင်း ထိုင်းတာဝန်ရှိသူတွေနဲ့ ညှိနှိုင်း စီစဉ်ပေးခဲ့သူ တဦးဖြစ်တဲ့ ကေအန်ယူ၊ ကေအန်အယ်လ် ငြိမ်းချမ်းရေးကောင်စီက ဒေါက်တာ တင်မိုသီကလည်း ဒီခရီးစဉ်အတွင်းက တချို့အစီအစဉ်တွေမှာ အခက်အခဲဖြစ်သွားအောင် မြန်မာနိုင်ငံခြားရေးဌာနက ထိုင်းဘက်ကို ဖိအားပေးခဲ့တာမျိုး ရှိခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။


ဒီလို အဆင်မပြေမှုတချို့ရှိခဲ့ပေမယ့် တနင်္ဂနွေမှာ ထိုင်းခရီးစဉ်က အပြန်မှာ ဒေါ်အောင်ဆန်းစုကြည်က ၆ ရက်ကြာ ထိုင်းခရီးစဉ်အပေါ် အားရကျေနပ်မှုရှိတယ်လို့ မီဒီယာတွေကို ပြောပါတယ်။


ထိုင်းနိုင်ငံခရီးစဉ်ဟာ ၂၄ နှစ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပြီး ရှေ့လာမယ့် ရက်သီတင်းပတ်တွေအတွင်းမှာပဲ နော်ဝေ၊ အင်္ဂလန်တို့ကို သွားရောက်ဖို့ ဥရောပကို ခရီးထွက်ဖို့ ရှိနေပါတယ်။


နေသွင် DVB

စစ်တွေ အထိကရုဏ်း ဒဏ်ရာပြင်းထန်သူများရှိ

အခင်းဖြစ်ပွားရာ စစ်တွေမြို့ အမှတ် (၁) ရဲစခန်း ဓာတ်ပုံ - Ko San Lwin's facebook
ရခိုင်ပြည်နယ် စစ်တွေမြို့  အမှတ် (၁) ရဲစခန်းရှေ့မှာ ဆန္ဒပြသူများကို ရဲက သေနတ်ဖြင့် ပစ်ခတ်မှု ဇွန်လ ၃ရက်နေ့ ည နှင့် ဇွန်လ ၄ ရက်နေ့ နံနက်စောစောပိုင်းတို့က ဖြစ်ပွားခဲ့ရာ ဒဏ်ရာ ထိခိုက်ပြင်းထန်စွာ ရသူများ ရှိကြောင်း သတင်းရရှိပါတယ်။

ပြီးခဲ့တဲ ၅ ပတ်လောက်က ဈေးဆိုင်တွေအတ်ွက ဈေးခွန်နှုန်း ( ဈေးကောက်နှုန်း) ကြီးမားမှုကို ဦးဆောင် ဆန္ဒပြခဲ့သူ တဦး ဟာ တန်ပြန်အုပ်စုတွေက ရိုက်သတ်လို့ သေဆုံးတယ်ဆိုတဲ့ မှားယွင်း သတင်းကြောင့် အမှတ် ၁ ရဲစခန်းရှေ့မှာ မကျေနပ် သူတွေက စုရုံး ဆန္ဒပြကြတာပါ။



ဆန္ဒပြမှု အရှိန်မြင့်လာမှုကြောင့် ရဲက ပထမ သေနတ်မိုးပေါ် ထောင်ဖောက်ရာကနေ လူအုပ်ထဲကိုပါ ပစ်ခတ်မှုဖြစ်ပွားလို့ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရကြပြီး ဖေ့စ်ဘုတ်အင်တာနက် လူမှု ကွန်ရက်မှာလည်း ဓာတ်ပုံတွေ မြင်မကောင်းအောင်လည်း တက်လာနေပါတယ်။

အခင်းဖြစ်ပွားချိန်မှာလည်း ရခိုင်ပြည်နယ်က လွှတ်တော်အမတ် ဒေါက်တာအေးမောင် အပါအ၀င် အမတ်တချို့ဖြစ်လည်း ရဲစခန်းဝင်းထဲမှာ ရှိနေခဲ့တယ်လို့ သတင်းတွေက ဆိုထားပါတယ်။

နောက်ဆုံးရတဲ့ သတင်းများ အရတော့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အပါအ၀င် တာဝန်ရှိသူတွေလည်း အခင်းဖြစ်ပွားမှုကို အမြန်ဆုံး စုံစမ်းဖော်ထုတ်ဖို့ အပူတပြင်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။


ဧရာဝတီဘလော့ဂ်

အမေရိကန် တွင် လူသား စားသည့် မှုခင်းများ ဆက်လက်ပေါ်ပေါက် (Extreme Graphic)



မေရီလန်း ပြည်နယ် ဘော်တီ မိုး မြို့  မှာ ရှိ တဲ့ Morgan State University မှာ တက်ရောက် နေ
တဲ့ ကင်ညာ နိုင်ငံက  အသက် ၂၁ အရွယ် Alex Kinyua (အဲလက်(စ) ကီနိုင်ယူ)  ဟာ အသက်
၃၇ နှစ် အရွယ် အခန်း ဖော် သူ ငယ် ချင်း ဖြစ်သူ  Kujoe Bonsafo Agyei-Kodie ကို သတ် ဖြတ်
ပြီး သူ့  ရဲ့  အသည်း နှလုံး နဲ့  ဦးဏှောက် တို့  ကို စား သောက်ခဲ့ ကြောင်း Fox ရုပ် သံ သတင်း မှာ
ဖော် ပြထား ပါတယ်။

Kujoe Bonsafo Agyei-Kodie ဂါနာ နိုင်ငံ ဖွားဖြစ် ပြီး တက္ကသိုလ် က နေ ၂၀၀၈ ခုနှစ် မှာ မဟာ
ဝဇ္ဇာ ဘွဲ့  ကို ရရှိ ခဲ့ ကာ အဲလက်(စ) ကီနိုင်ယူ ကတော့  ဒီနှစ် မှာ ပဲ ဂျူနီယာ ပြီး မြောက် ထား သူ
တစ်ဦး ဖြစ်ပါတယ်။ Morgan State University ဟာ လူမည်း တွေ အများ ဆုံး တက်ရောက် ပညာ
သင်ကြား တဲ့ တက္ကသိုလ် ဖြစ်ပါတယ်။

ကီနိုင်ယူ ရဲ့  အကို ဖြစ်သူ က သူ့  ညီ ရဲ့  အခန်း ထဲ မှာ ကျန် ရှိ နေတဲ့ ကူဂျို ဘွန်ဆာဖို ရဲ့  ခန္တာ ကိုယ်
အပိုင်း အစ တွေ ကို တွေ့ ရှိ ပြီး နောက် သူ့  ဖခင် က ရဲတပ် ဖွဲ့  ကို အကြောင်း ကြား ခဲ့ တာ ဖြစ်ပါတယ်။
ကူဂျို ဘွန်ဆာဖို ရဲ့  ဖခင် ဖြစ်သူ ဟာ အင်္ဂါ နေ့  က တည်း ရဲ  ကို အကြောင်း ကြား ခဲ့ တာ ကြောင့် ပြီးခဲ့
တဲ့ သောကြာ နေ့  က တည်း က သူ့  ရဲ့  သား ဖြစ်သူ ဟာ အသတ် ခံ ရ နိုင် ဖွယ် ရှိ ကြောင်း သေမှုသေ
ခင်း ကျွမ်း ကျင် သူ တွေ ရဲ့  သုံး သပ် မှု ကို ကိုးကား ပြီး သတင်း တွေ မှာ ဖော် ပြ ထား ပါတယ်။
ဒီ သတင်း က တော့ အမေရိကန် နိုင်ငံ တွင်း မှာ တစ်ပတ် အတွင်း  ဒုတိယ မြောက် လူသား စား မှု
သတင်း ဖြစ်ပါတယ်။

ကီနိုင်ယူ ဟာ အခန်း ဖော် ကို ဘေစ် ဘော တုတ် တံ နဲ့  ရိုက်သတ် ပြီး နောက် ခြေလက် တွေ ဓာနဲ့ 
ဖြတ်တောက်ပြီး စား ခဲ့ ကြောင်း ကို လည်း သူ့ ရဲ့  facebook မှာ ရေးသား ထား ပါတယ်။ ကီနိုင်ယူ
ကို ရဲ တပ် ဖွဲ့  က မေရီလန် ပြည်နယ် က ဂျော်ပါတောင်း မြို့  မှာ ဖမ်းဆီး ရမိ ခဲ့ ပြီး သူသတ် ခဲ့ တဲ့ သူ
ရဲ့  ကျွင်းကျန် နေတဲ့ ခန္တာ ကိုယ် ကို တော့ အမှိုက် ပုံး ( Dunpster ) ထဲ မှာ ပစ် ထား ခဲ့ ပါတယ်။

ဒီသ တင်း လို ပဲ အခြား လူသား စား မှု ဖြစ် စဉ် တစ်ခု က တော့  ဖလော်ရီဒါ ပြည်နယ် မိုင်ယာ မီ မြို့ 
မှာ အသက် ၃၁ နှစ် အရွယ် ရူဒီ ယူဂျင်း ဆို သူက အသက် ၆၅ နှစ် အရွယ် ရှိ တဲ့ အိမ်ယာမဲ့ ရော်နယ်
ပေါ့ ပို ( ronald poppo)   ရဲ့   မျက် နှာ ကို ဟိုင်းဝေး  လမ်း မ ဘေး မှာ ကိုက် စား တဲ့ ဖြစ်စဉ် တစ်ရပ်
ပေါ်ပေါက် ခဲ့ ပါ တယ်။ အသက် ၁၆ နှစ် အရွယ် ကတည်း က ရာဇ၀တ် မှု တွေ ကျူးလွန် မှု ကြောင့်
အကြိမ် ကြိမ် အဖမ်း ခံ ရတဲ့ သူ တစ်ဦး ဖြစ်ြ့ပီး CCTV ကင်မရာ ကနေ ရူဒီ ယူဂျင်း ရဲ့  ရာဇ၀တ်မှု
ကျုးလွန် ပုံကို မှတ်တမ်း တင် နိုင်ခဲ့ ပါတယ်။

မိုင်ယာမီ ရဲ တပ် ဖွဲ့  က  ရော်နယ် ပေါ့ ပို  ရဲ့   မျက် နှာ ကို ကိုက် ဖြတ် စား သောက် နေတဲ့ ရူဒီ ယူဂျင်း
ကို သေနတ် နဲ့  ပထမ အကြိမ် ပြစ်ခတ် ပြီး ရပ် တန့်  ဖို့  ပြောခဲ့ ပေမယ့် အချက် များ စွာ ပစ်ခတ် ပြီး
ဖမ်းဆီး ခဲ့ ရပါတယ်။

ခန္တာ ကိုယ်ရဲ့  ဗီဇ ကို ပါ ပြောင်းပြစ် နိုင်တယ် လို့  ယူဆရတဲ့ မူးယစ်ဆေးဝါး တစ်မျိုး မျိုး ကိုသုံးထာ့း
ပုံ ရတဲ့ ရူဒီ ဟာ ကိုယ် လုံး တီး အနေအထား နဲ့  ရော်နယ် ရဲ့  မျက် နှာ ကို ကိုက် ဖြတ် စားသောက် ခဲ့
ပါတယ်။ မျက် နှာ တစ်ခု လုံး ရဲ့  ၈၀ ရာ ခိုင်နှုန်း ခန့်  ပျက် စီး သွား တဲ့ ရော် နယ် ဟာ မိုင်ယာမီ ဂျက်
ဆင် ဟိုတယ် မှာ တက်ရောက် ကုသ ခံ နေ ရ ပြီး သူ့ မျက် နှာ ကို ပြန်လည် ခွဲစိတ် ကုသခံ ဖို့  လိုမယ်
ဆို ပါတယ်။

ကနေဒါ နိုင်ငံ မွန်ထရီယလ် မြို မှာ တော့ အသက် ၂၉ နှစ် အရွယ် ရှိ လူကာ ရော်ကို မက်နော်တာ ဆိုတဲ့
ညစ်ညမ်း ဗီဒီယို သရုပ် ဆောင်  က တရုတ် ပြည် ၀ူဟန် မြို့  ကနေ ကျောင်းလာတက် တဲ့ အသက် ၃၂ နှစ်
အရွယ် ဂျွန်လင်း ကို သတ်ဖြတ် ပြီး ကိုယ်လက် အင်္ဂါ တွေ ကို အပိုင်း ပိုင်း ဖြတ်တောက် နှိပ်စက် ထား
မှု ကို သူ့ ရဲ့  ကိုယ် ပိုင် အင်တာနက် စာမျက် နှာ ကနေ ဖော် ပြခဲ့ ပါတယ်။

အခုတော့ ထွက် ပြေး တိမ်း ရှောင် နေတဲ့ လူကာ ရော်ကို  ကို နိုင်ငံ တကာ ရဲတပ် ဖွဲ့  အကူအညီ နဲ့  ပါ
ရှာ ဖွေ နေပါတယ်။ ဂျွန်လင်း ကို သတ်ဖြတ် ပြီး နောက် ကနေဒါ ကနေ  ဥရောပ က လေယာဉ် နဲ့ ထွက်
ပြေး တိမ်းရှောင် ခဲ့ ပါတယ်။

 FNG

ရခိုင်အမျိုးသမီးများအစည်းအရုံး ထုတ်ပြန်ကြေငြာချက်



Statement for Rape Case 1


တောင်ကုတ်မှာ မူစလင် (၁၀) ဦး အသတ်ခံရ 
2012-06-03

 ရခိုင်ပြည်နယ် သံတွဲမြို့ကနေ ရန်ကုန်မြို့ကို မနေ့ ညနေ (၅) နာရီလောက်က ထွက်ခွာလာတဲ့ ခရီးသည်တင်ယာဉ်ကို တောင်ကုတ်-သံတွဲလမ်းဆုံမှာ ဒေသခံရခိုင်လူမျိုးတွေက တားဆီးပြီး ကားပေါ်မှာပါလာတဲ့ အစ္စလာမ်ဘာသာဝင် (၁၀) ဦးနဲ့ ကြားဝင်ဖြန်ဖြေတဲ့ ဗုဒ္ဓဘာသာဝင် (၁) ဦးကို အကြမ်းဖက် သတ်ဖြတ်ခဲ့ပါတယ်။ အသတ်ခံရသူတွေထဲမှာ ခရီးသည်တင် ကားပိုင်ရှင်လည်းဖြစ် သံတွဲမြို့မဈေးအနီး ဝေလွင်လွင် စတိုးဆိုင်ပိုင်ရှင် အမျိုးသမီးလည်း ပါဝင်တယ်လို့ သံတွဲမြို့ခံ ကိုမျိုးဝဏ္ဏကျော်က ပြောပါတယ်။

 လက်ရှိအခြေအနေမှာတော့ ဒေသခံစစ်တပ်နဲ့ အာဏာပိုင်တွေက အခြေအနေတွေကို ထိန်းချုပ်ထားပြီး လူသေအလောင်းတွေအားလုံးကို သက်ဆိုင်ရာက သံတွဲမြို့ကို ပြန်သယ်ဆောင်လာခဲ့ကြတယ်လို့ ကိုမျိုးဝဏ္ဏကျော်က ပြောပါတယ်။ အခုလို အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်တာဟာ မေလ (၂၈) ရက်နေ့က ရမ်းဗြဲမြို့နယ်၊ သပြေချောင်းကျေးရွာက မိန်းကလေးတစ်ဦးကို အစ္စလာမ်ဘာသာဝင်တွေက မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တာကြောင့် အခုလို လက်တုံ့ပြန်ကြတာလို့ တောင်ကုတ် ဒေသခံအချို့ကလည်း ပြောပါတယ်။ အခုလို သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့မှုအတွက် ရခိုင်အမျိုးသမီးများ အစည်းအရုံးက တနင်္ဂနွေနေ့ ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပြီး မိတ္တူကို သမ္မတ ဦးသိန်းစိန်ထံ အဓိကလိပ်မူ ပေးပို့လိုက်တယ်လို့ သိရပါတယ်။

အဲဒီကိစ္စကနေ လူမျိုးရေး အဓိကရုဏ်းမျိုး ဖြစ်လာနိုင်တာမို့ ဒီလို ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ရခိုင်အမျိုးသမီးများ အစည်းအရုံးရဲ့အတွင်းရေးမှူး မစောမီမီသင်းက ပြောပါတယ်။ ရခိုင်အမျိုးသမီးများ အစည်းအရုံးရဲ့ထုတ်ပြန်ချက်ထဲမှာ မုဒိန်းမှုနဲ့ လူသတ်မှုကျူးလွန်သူ ၃ ဦးဟာ မွတ်ဆလင် ဘာသာဝင်များဖြစ်တယ်လို့ ဖော်ပြထားပေမယ့် RFA က နောက်ထပ်ရရှိတဲ့သတင်းများနဲ့ လူမှုအင်တာနက်စာမျက်နှာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတဲ့ သတင်းများအရ တရားခံ ၃ ယောက်ထဲက ၂ ယောက်ဟာ မူစလင်ဘာသာဝင်ဖြစ်ပြီး တယောက်ကတော့ ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်တဦး ဖြစ်တယ်လို့ဆိုပါတယ်။

ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ်နေထိုင်ရာ ဒေါင်းနင်းလမ်း၌ ဆန္ဒထုတ်ဖေါ်

မောင်ရမ္မာရိုဟင်ဂျာသည် မြန်မာ တိုင်းရင်းသား မဟုတ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖေါ်ပွဲတရပ်ကို ဇွန်လ ၁ ရက်နေ့က မြန်မာ နိုင်ငံသားများစုစည်းပြီး  ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့  ဗြိတိသျှ ၀န်ကြီးချုပ် နေအိမ် တည်ရှိရာ အမှတ် ၁၀၊ ဒေါင်းနင်းလမ်းရှေ့တွင် ပြုလုပ်ခဲ့ကြသည်။

 လန်ဒန်မှာရှိတဲ့ ဗြိတိသျှ ၀န်ကြီးချုပ်ရဲ့ အိမ်ရှေ့မှာ အားလုံးစုပြီးတော့ တညီတညွတ်တည်းနဲ့ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီးတော့ ရိုဟင်ဂျာတွေဟာ သမိုင်းတွေကို လိမ်ပြီးတော့ သူတို့တွေဟာ ဗမာနိုင်ငံမှာ မူလ တိုင်းရင်းသားလူမျိုးစု ဖြစ်ပါတယ် ဆိုပီး အရေးဆိုနေတဲ့ကိစ္စကို သူတို့တွေဟာ လိမ်နေတာ ဖြစ်ပါတယ်။ မြန်မာ တိုင်းရင်းသား လူမျိုးစု အမှန်အကန် မဟုတ်ပါဘူး ဆိုတာကို မြန်မာ တိုင်းရင်းသားတွေ အကုန်လုံးက တညီတညွတ်တည်းနဲ့  လာရောက်ပြီးတော့  ဗြိတိသျှ ၀န်ကြီးချုပ်နဲ့ တကွ MP တွေ၊ ကမ္ဘာတ၀ှမ်းက လူတွေ သိရှိအောင်လို့ ဆန္ဒဖေါ်ထုတ်ခြင်း ဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး ပြောခွင့်ရ အမျိုးသမီး ဒေါ်မေသက်မွန်က ပြောသည်။

လက်ရှိ အချိန်တွင် နိုင်ငံခြားသား တချို့သည်  ရိုဟင်ဂျာများဘက်မှ ထောက်ခံပေးနေခြင်း အပေါ် အခြေအနေမှန်ကို သိစေလို၍လည်း ယခုလို  ဆန္ဒဖေါ်ထုတ်ခြင်း ဖြစ်သည်ဟုလည်း သူမက ဆက်ပြောသည်။

“ လက်ရှိ အချိန်မှာ တချို့သော အင်္ဂလိပ်လူမျိုးတွေဟာ ရိုဟင်ဂျာကိစ္စနဲ့ ပါဝင် ပတ်သက်နေတယ်။ သူတို့တွေ ဟာ ရိုဟင်ဂျာပြောတဲ့ စကားတွေကို ယုံကြည်ပြီးတော့ ရိုဟင်ဂျာတွေကို ထောက်ခံပြီး အများကြီးလုပ်ဆောင်နေ ပါတယ်။ ဒီကိစ္စကို ဆန့်ကျင်တဲ့အနေနဲ့ ဗြိတိသျှ ၀န်ကြီးချုပ်အပါအ၀င် ဗြိတိသျှ အမတ်တွေနဲ့ တကမ္ဘာလုံးက လူတွေ သိရှိလာအောင် ကျွန်မတို့ ခုလို လုပ်ရတာ ဖြစ်ပါတယ်။”

၎င်းပြင် တချို့ အင်္ဂလိပ် တချို့သည် ရိုဟင်ဂျာ ကိစ္စကို ဗြိတိသျှ ပါလီမာန်ထိ ယူဆောင်လာကာ ဒေါ်အောင်ဆန်း စုကြည်အား ဖိအားပေးပြိး ရိုဟင်ဂျာကို တိုင်းရင်း လူမျိုး တစ်မျိုး အဖြစ် အသိအမှတ်ပြုအောင် စီစဉ်နေသည်ဟု ဆိုသည်။

“ မကြာခင်မှာ ဒီရိုဟင်ဂျာတွေဟာ ဗြိတိသျှ ပါလီမန်ထဲကိုဝင်ပြီး သူတို့တွေဟာ မြန်မာ နိုင်ငံရဲ့ လူမျိုးစု တခု ဖြစ်တယ်။ ဗမာ အစိုးရကသော်၎င်း၊ ဗမာလူမျိုးတွေကသော်၎င်း၊ ရခိုင်လူမျိုးတွေက သော် ၎င်း၊ သူတို့တွေကို နှိပ်ကွက်နေပါတယ်လို့  တစာစာအော်ပြီးတော့ ဗြိတိသျှ ပါလီမန်မှာ အရေးဆိုဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည် အင်္ဂလန်ကို လာတဲ့အချိန်မှာ ဗြိတိသျှ ၀န်ကြီးချုပ်နဲ့ အမတ်တွေဟာ ဒီကိစ္စကို နားမလည်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားပေးတာတွေ၊ ရိုဟင်ဂျာ တိုင်းရင်းသား အဖြစ် လက်ခံအောင် ပြောမယ့် ကိစ္စတွေ ရှိနေတယ်လို့ သိရတယ်။ ဒါကြောင့် ဒီပြဿနာ အပေါ် အကုန်လုံးက သိရှိ နားလည် သဘောပေါက်လာအောင် ကျွန်မတို့က အသိပေးတဲ့ သဘောလည်း ဖြစ်ပါတယ်” ဟု ပြောသည်။

ဒီရိုဟင်ဂျာ အရေး ကိစ္စဟာ မြန်မာနိုင်ငံ အတွက် ဘယ်အတိုင်းအတာထိ အရေးကြီးပါသလဲလို့ မေးမြန်းရာ သူမက ယခုလို ပြောသည်။

  ဒီကိစ္စဟာ ဘာသာရေးကိစ္စလည်းမဟုတ်ပါ။ လူ့အခွင့်အရေးကိစ္စလည်း မဟုတ်ပါဘူး။ လူဝင်မှု ကြီးကြပ်ရေး ပြဿနာတခု ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါ ဒီပြဿနာဟာ အထူး အရေးကြီးတဲ့ အဆင့်ကို ရောက်လာတယ်။ ဘယ်လောက်ထိ အရေးကြီးလဲဆိုရင်  နိုင်ငံရဲ့ နယ်နိမိတ်၊ နိုင်ငံရဲ့ အချုပ် အခြာ အာဏာ၊ မိမိနိုင်ငံရဲ့ အမျိုးသားရေးကိုထိ ထိခိုက်လာတဲ့ အခြေအနေဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီရိုဟင်ဂျာတွေဟာ ရခိုင်ပြည်ကို ဗြိတိသျှ ကိုလိုနီခေတ်ကတည်းကပင် သူတို့တွေဟာ လယ်ယာမြေ လုပ်သားတွေအဖြစ် ၀င်ရောက်နေထိုင်တယ်။ ရခိုင်တွေကလည်း သူတို့ကို ဧည့်သည်အဖြစ် လက်ခံထားတယ်။ ဒါပေမယ့် သူတို့ဟာ တဖြည်းဖြည်းနဲ့ လောဘကြီးလာပြီး ရခိုင်ပြည်ကို သူတို့ပြည်၊ သူတို့ဟာ ရခိုင်တွေထက် ဒီမြေမှာ အယင်ကတည်းကပင် ရောက်နေတဲ့လူတွေ ဖြစ်တယ်ဆိုတဲ့ လိမ်လည်တဲ့ သတင်းတွေကို ထုတ်လွင့်တယ်။ လူတွေကို အယုံသွင်းတယ်။ ဒါကြောင့်မို့လို့ တချို့ မြန်မာ့သမိုင်းကို နား မလည်တဲ့သူတွေက သူတို့ပြောတာကို ဟုတ်လေသယောင်၊ နားယောင်ကြပါတယ်။ သူတို့ဟာ ဧည့်သည်ကို အိမ်ရှင်က စော်ကားတာထက် ပိုဆိုးနေပါတယ်။ အဲဒီလို အခြေအနေကြောင့်မို့  ဒီကိစ္စဟာ ရခိုင်တမျိုးသားလုံးအတွက် အရေးသာမဟုတ်၊ မြန်မာ တစ်နိုင်လုံး အတွက်ပါ အရေးကြီးပါတယ်” ဟု ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ဥပမာအားဖြင့် တရုတ်နွယ်ဖွား မြန်မာ လူမျိုးများ၊ အိန္ဒိယ နွယ်ဖွား မြန်မာ လူမျိုးများ ရှိကြောင်း၊ သူတို့ အနေဖြင့်  မြန်မာနိုင်ငံသား အဖြစ်ဖြင့် ပျော်ရွင်စွာ  နေထိုင်နေကြကြောင်း၊ ရိုဟင်ဂျာ ဆိုသူများ အနေဖြင့်လည်း သူတို့ကဲ့သို့  နိုင်ငံသားအဖြစ်၊ ဧည့်နိုင်ငံသားအဖြစ် ဘယ်လိုဘဲနေနေ ရခိုင်လူမျိုးများ  အနေဖြင့်သော်၎င်း၊ ဗမာလူမျိုးတွေအနေဖြင့်လည်း ကန့်ကွက်စရာ မရှိပါကြောင်း၊ သို့သော်သူတို့မှာ မရှိသည်ကို အရှိလုပ်ပြီး လိမ်လည်ကာ ရခိုင်ပြည်နယ်ကို သူတို့ ပြည်နယ် ဖြစ်ကြောင်း မဟုတ်မတရား သမိုင်းလိမ်များဖြင့် ကမ္ဘာတွင် လိမ်လည်နေ၍ ကန့်ကွက်ရခြင်းသာ ဖြစ်ကြောင်း သူမက ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲသို့ မြန်မာ အသိပညာရှင် အတတ်ပညာရှင်များ၊ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၊ ကျောင်းသား၊ကျောင်းသူများနှင့် နိုင်ငံရေး၊ လူမှုရေး အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ အပါ အ၀င် မြန်မာနိုင်ငံ ပြည်ထောင်စု တိုင်းရင်းသားများ ၁၃၀ ကျော်ခန့်  တက်ရောက်ခဲ့ကြသည်။
၎င်းအပြင် ဆန္ဒဖော်ထုတ်ပွဲတွင် တက်ရောက်လာသူအားလုံးက အချက် ၉ ချက်ပါ လန်ဒန်ကြေငြာစာတမ်း London Declaration 2012 ကို တညီတညွတ်တည်း လက်မှတ်ရေးထိုးခဲ့ကြပြီး ဗြိတိသျှ ၀န်ကြီးချုပ်ထံ ပေးပို့ ခဲ့ကြသည်ဟု သိရသည်။

Saturday, June 02, 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်း မြန်မာနယ်စပ် ခရီးစဉ်



(ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်း မြန်မာနယ်စပ် ခရီးစဉ်ကို Karen Information Center အဖွဲ့သားများရဲ့ တိုက်ရိုက် သတင်းပေးပို့ချက်များနဲ့အတူ အချိန်နဲ့တပြေးညီ ဖော်ပြသွားမှာ ဖြစ်ပါတယ်။)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ၂၀၁၂၊ ဇွန်လ ၂ ရက်နေ့ မနက် ၉ နာရီကျော်က ရောက်ရှိလာခဲ့ရာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်း မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းကို တိုက်ရိုက် ခရီးထွက်ခွာ သွားခဲ့ပါတယ်။ နေ့လည် ၁၁ နာရီခန့်တွင် မယ်လဒုက္ခသည်စခန်းကို ရောက်ရှိခဲ့ပြီး မယ်လ ဒုက္ခသည်စခန်းရှိ ထိုင်းအာဏာပိုင်များရဲ့ ရုံးမှာ ဒုက္ခသည်များနဲ့ စခန်းရဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

ထို့နောက် နေ့လည် ၁၂ နာရီတွင် မယ်လစခန်း ဘော်လုံးကွင်းကို သွားရောက်ရာ မယ်လဒုက္ခသည်စခန်းတွင် နေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူလူထုက “အမေစု၊ အမေစု“ လို့ ၀ိုင်းဝန်း နှုတ်ဆက်ကြပါတယ်။ နေ့လည် ၁၂ နာရီခွဲတွင် မယ်လဒုက္ခသည်စခန်းရှိ AMI ဆေးရုံတွင် နေ့လည်စာ သုံးဆောင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်း မြန်မာနယ်စပ် ခရီးစဉ်နဲ့ ပတ်သက်တဲ့ တာ့ခ်ခရိုင် တာဝန်ရှိသူများကိုယ်တိုင် အတိအကျ မသိရှိကြရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အထူး တင်းကြပ်ထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနီးတွင် KNU/KNLA ငြိမ်းချမ်းရေးကောင်စီက ဗိုလ်မှူးချုပ် ဒေါက်တာတီမသေ ရှိနေကြောင်း သိရပါတယ်။

 ဒေသစံတော်ချိန် နေ့လည် ၁ နာရီခန့်တွင် မယ်လဒုက္ခသည်စခန်းမှ ပြန်လည် ထွက်ခွာရန် ပြင်ဆင်နေပါတယ်။ နေ့လည် ၁ နာရီခွဲတွင် မယ်လ ဒုက္ခသည်စခန်းမှ ပြန်လည် ထွက်ခွာလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုမယ့် တိုင်းရင်းသားများဟာ မယ်တော်ဆေးခန်းအနီးတွင်လည်း စောင့်ကြိုနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် အတိအကျ သိနိုင်ဖို့ ခဲယဉ်းနေသလို အပြောင်းအလဲများ ရှိနေကြောင်း နယ်စပ်သတင်းရပ်ကွက်တခုက ပြောပါတယ်။

 http://burmatoday.net/

ဒေါ်အောင်ဆန်းစုကြည် မယ်လခရီးစဉ်အတို


ဇွန်လ ၂ရက်၊ ၂၀၁၂။ မွန်းလွဲ ၁နာရီခွဲ (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲသို့လာရောက်ခဲ့သည့် မြန် မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်သည် ဇွန်လ ၂ရက်နေ့ ထိုင်းစံတော်ချိန် မနက် ၉နာရီခွဲတွင် မဲဆောက်မြို့လေဆိပ်သို့ရောက်ရှိလာခဲ့ရာ မြန်မာနိုင်ငံသား အပါအ၀င် လူထုပရိဿတ် တစ်သောင်းဝန်းကျင် ကြိုဆိုခဲ့ကြသည်။


၎င်းနောက် မနက် ၁၀နာရီကျော်အချိန်တွင် မဲဆောက်လေဆိပ်မှ မယ်လဒုက္ခသည်စခန်းသို့ ထွက်ခွာသွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မနက် ၁၁နာရီဝန်းကျင်ခန့်တွင် မယ်လစခန်းအတွင်းရှိ MOI ရုံးခန်းတွင် စခန်းဆိုင်ရာ ထိုင်းအာဏာပိုင်များ၊ စခန်းကော်မတီဝင်အချို့နှင့် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။


ဆွေးနွေးခန်းတွင် ပါဝင်သူ လူငယ်တစ်ဦးက “အဓိကပြောသွားတာကတော့ ဒုက္ခသည်တွေရဲ့ လက်ရှိ စားနပ်ရိက္ခာ မလုံလောက်မှုကို အရင်ကလို ဖူလုံမှုရှိအောင် သူ့အနေနဲ့ လုပ်ဆောင်ပေးသွားမယ်။ နောက်တခုက ဒုက္ခသည်တွေ မိမိနေရပ်ကို အဆင်ပြေချောမွေ့စွာ ပြန် လည်နေထိုင်နိုင်ရေးအတွက်လည်း ကြိုးစားစီစဉ် လုပ်ဆောင်ပေးသွားမယ်လို့တော့ ပြောဆိုဆွေးနွေးသွားပါတယ်”ဟု ကေအိုင်စီကို ပြော သည်။

နေ့လည် ၁၂နာရီကျော်တွင် မယ်လစခန်း၊ ဇုံဘီရပ်ကွက်ရှိ ဘောလုံးကွင်း၌ “အမေစု အမေစု။ ဒေါ်စု ကျန်းမာပါစေ”ဟု ကြွေးကြော်ကာ ကြိုဆိုစောင့်စားနေကြသည့် ဒုက္ခသည်လူထု ၄၀၀၀နီးပါးကို နှုတ်ဆက်စကားပြောဆိုခဲ့ပြီး အနီးရှိ AMI ဆေးရုံသို့ သွားရောက်ကြည့်ရှု ရင်း နေ့လည်စာ သုံးဆောင်ခဲ့ကြောင်း ကိုယ်တိုင်သွားရောက် သတင်းယူနေသည့် ကေအိုင်စီသတင်းထောက်က ပြောဆိုသည်။

“ဒေါ်စုလာတာ လုံခြုံရေးကလည်း အထပ်ထပ်ပဲ။ အနားကပ်လို့လည်း မမရဘူး။ ဓာတ်ပုံရိုက်ယူဖို့တောင် အတော်ခက်တယ်။ နိုင်ငံခြား သား သတင်းထောက်တွေလည်း မလွယ်ဘူး”ဟု ကြိုဆိုစောင့်စားသူ မယ်လဒုက္ခသည်တစ်ဦးက ပြောသည်။


ဒေါ်စုနှင့်အတူ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးချုပ်ဒေါက်တာတီမသေ လိုက်ပါလျှက်ရှိပြီး မွန်းလွဲတစ်နာရီကျော်တွင် မယ်လစခန်းမှ ပြန်လည်ထွက်ခွာသွားခဲ့သော်လည်း ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းသို့ ၀င်ရောက်မည်မှာ မသေချာသေးကြောင်း သွားရောက်စောင့်ဆိုင်းနေသတင်းထောက်များက ပြောဆိုနေကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၂နာရီကျော်တွင် မဲဆောက်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာပြီး မယ်တော်ဆေးခန်းသို့ ၀င်ရောက်လည်ပတ်ခြင်း၊
လေဆိပ်တွင် ကြိုဆိုစောင့်ဆိုင်းသူများနှင့် စကားပြောဆိုခြင်း၊ သူမ၏ ခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်း မရှိတော့ဘဲ
ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာသွားသည်။

ဒေါ်အောင်ဆန်းစုကြည် နယ်စပ်ရောက်ပြီ



ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ စနေနေ့ မနက်ပိုင်း မဲဆောက်မြို့ကို လေကြောင်းခရီးနဲ့ သွားရောက်ခဲ့ပါတယ်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့နားက မယ်လ (ဘဲကလော်) ဒုက္ခသည်စခန်းကို သွားတဲ့ လမ်းမှာ သူ့ကို ထောက်ခံသူတွေ ထောင်နဲ့ချီပြီး စောင့်ကြိုနေကြတယ်လို့ မဲဆောက်မြို့ရောက် ဧရာဝတီသတင်းထောက်က ဆိုပါတယ်။

မယ်လစခန်းမှာ မြန်မာပြည်သား စစ်ပြေး ဒုက္ခသည် အများအပြား ခိုလှုံနေကြပါတယ်။

“ကျမတို့ဆီကို ဒေါ်အောင်ဆန်းစုကြည် လာတဲ့အတွက် အများကြီး ၀မ်းသာပါတယ်” လို့ မဲလစခန်းမှာ ရှိတဲ့ လူမှုရေးဝန်းထမ်းတဦးဖြစ်သူ နော်ဒေးဒေးဖိုးက ဧရာဝတီကို ပြောပါတယ်။

“ကျမတို့ စိတ်ချလက်ချ၊ သိက္ခာရှိရှိ အိမ်ပြန်နိုင်ဖို့ သူ ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ နော်ဒေးဒေးဖိုးက ဆက်ပြောပါတယ်။ 


(နောက်ဆုံးရ သတင်းအရ  ယခုလက်ရှိအချိန်မှာ ဒေါ်စုဟာ မဲလစခန်းထဲ ရောက်ရှိနေပေမဲ့ လူထုတွေနဲ့ မတွေ့ရသေးပဲ စခန်းကော်မတီ၊ ထိုင်းတွေနဲ့ စကားပြောနေဆဲပဲလို့ သိရပါတယ်။)


MKO ကျောင်းအုပ်ဆရာမကြီးနှင့် အင်္ဂလိပ်နည်းပြဆရာအား ဂုဏ်ပြုနှုတ်ဆက်ပွဲ ကျင်းပ



ဒီကနေ့မနက် (၁၁း၃၀)အချိန်မှာ အမိနိုင်ငံ အင်္ဂလန်ကို ပြန်သွားမဲ့ MKO အင်္ဂလိပ်စာနည်းပြ ဆရာရောဘတ် အပါအ၀င် အမေရိကားကို မိသားစုအလိုက် ထွက်ခွါသွားတော့မဲ့ MKO ကျောင်းအုပ်ဆရာမ ကြီး နော်စင်သီယာ တို့ ရဲ့  ဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနဲ့ နှုတ်ဆက်ပွဲအခမ်းအနားကို MKOရုံးခန်း (Youth Center ) မှာ ကျင်းပသွားခဲ့ပါတယ်။

အခမ်းအနားကို အတွင်းရေးမှူးဒန်းနစ်စောထူးမှ ကမကထဦးဆောင်ပြီး  ဆရာမနော်စင်သီယာနဲ့ ဆရာရောဘတ်တို့က အသီးသီး နှုတ်ဆက်စကားပြောသွားကြပါတယ်။

MKO ကျောင်းသူနှစ်ဦးကလည်း အဖိုးမဖြတ်နိုင်တဲ့ ဆရာ/ဆရာမတို့ရဲ့ ဂုဏ်ကျေးဇူးကို ရင်ထဲမှာအစဉ် ကိန်းဝပ်နေမှာဖြစ်ကြောင်း၊ ဆရာ/ဆရာမတို့ ဘယ်နေရာဘယ်ဒေသပဲရောက်ရောက် အဖဘုရား ရဲ့ ကောင်းချီးကို အပြည့်အ၀ ခံစားရပါစေလို့ ဆုတောင်းပေးလျှက်ရှိကြောင်း၊ အနိုင်းမဲ့ မေတ္တာနဲ့ ဆရာ/ဆရာမတို့ရဲ့ ဂုဏ်ကျေးဇူးကို ကျွန်မတို့အနေနဲ့ သတိတရရှိနေမှာဖြစ်ကြောင်း စာသားပါ အကြောင်းအရာတွေကို ဖတ်ကြားသွားကြပါတယ်။

ဒီနောက်မှာတော့ ဥက္ကဋ္ဌ မန်းဒုံယောင်းနဲ့ အတွင်းရေးမှူးဒန်းနစ်စောထူးတို့မှ ဂုဏ်ပြုလက်မှတ်နဲ့ လက်ဆောင်ပစ္စည်းတွေကို အသီးသီးအေးအပ်ကြပါတယ်။


ဖားကန့်မြို့နယ်တွင် KIO/KIA မိသားစုများ အတွက် ရွာသစ်ဖွင့်


KNG

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် KIO/KIA (ကချင်လွတ်မြောက်ရေးအဖွဲ့ နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့) တော်လှန်ရေး မိသားစုများ နေထိုင်ရန် အိမ်ခြေ ၄၀ ရှိ ပဒန်ကောင် (Padang Kawng) ရွာသစ်ကို  မေ ၂၆၊ စနေန့တွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ထိုရွာသစ်တွင် KIO/KIA တော်လှန်ရေး အမှု့ထမ်း မိသားစုများ နေထိုင်မည်ဖြစ်ပြီး၊ နေထိုင်မည့်မိသားစုများကို ကော်မတီ မှရွေးချယ် ဆုံးဖြတ်ပေးသွားမည်ဖြစ်သည်ဟု KIA တပ်ရင်း (၆) အရာရှိတစ်ဦးပြောသည်။

ပဒန်ကောင်ကျေးရွာသစ်သည် ဖားကန့်မြို့နယ် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆)၏ ထိန်းချုပ်နယ်မြေဖြစ်သော ဥရုချောင်းအနီး၊ အာလူးမှော်နှင့် ဂေါက်ကွင်းကြားတွင် တည်ရှိကြောင်းသိရသည်။





ရွာသစ်တွင် အိမ်သစ် ၄၀ အပါအ၀င် အိမ်သာ၊ ရေတွင်း နှင့် မူကြိုကျောင်း တစ်ကျောင်းကိုလည်း ဆောက်လုပ်ပေးထားသည်ဟု KIA အရာရှိတစ်ဦးပြောသည်။

KIA တပ်ရင်း ၆ ၏ စီမံမှုအောက် ရွာသစ်ဆောက်လုပ်ခြင်း ကုန်ကျစရိတ်ကို ဖားကန့် ဒေသခံအချို့နှင့် ကျောက်စိမ်းလောပန်းများ ထည့်ဝင်ကြသည်ဟု ယင်းအရာရှိက ဆက်ပြောသည်။

ရွာသစ်ဖွင့်ပွဲသို့ ဒေသခံပြည်သူများ၊ ကျောက်စိမ်းလောပန်းများ နှင့် KIA အရာရှိများ တက်ရောက်ပြီး ဂင်ဆီ (Ginsi) ဂိုဏ်းပေါင်းစုံ ကချင် ခရစ်ယာန်အသင်းတော်များမှ ဆရာများ ဆုတောင်းဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ယခုချိန် မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA) ကြားဖြစ်ပွားနေသည့်ပြည်တွင်းစစ်ကြောင့်၊ အခက်အခဲများရှိနေသော KIA စစ်မှု့ထမ်း မိသားစုများ၏ အခက်အခဲများကို တနည်းအားဖြင့် ကူညီဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်းသိရသည်။

Friday, June 01, 2012

ထိုင်းနှင့် တပြေးညီ မြန်မာများ လုပ်အားခ ရတော့မည်



ထိုင်းနိုင်ငံသားများနှင့် အတူ တရားဝင် လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသားများကို တနေ့လုပ်အားခ ဘတ်ငွေ ၃၀၀ (၁၀ ဒေါ်လာ) ရရှိရန် ဆောင်ရွက်ပေးမည်ဟု ထိုင်း ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်း က ပြောသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က တွေ့ ဆုံခဲ့ပြီး ချလုံ ယူဘမ်ပရုန်းက ပြောကြားခဲ့ကြောင်း bangkokbiznews အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
“တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာ အလုပ်သမားတွေ အနေနဲ့ ဘတ် ၃၀နဲ့ ဆေးကုသလို့ရတဲ့ အခွင့်အရေးတွေ၊ ပြီးတော့ တနေ့  လုပ်အားခကို ထိုင်းနိုင်ငံသားတွေ ရတဲ့အတိုင်း ဆောင်ရွက်ပေးမယ်”ဟု ချလုံ ယူဘမ်ပရုန်းက ပြောသည်။

လတ်တလော ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသူ မြန်မာနိုင်ငံသား ၈ သိန်းခန့်ရှိပြီး မှတ်ပုံ မတင်ရသေးသူ ၁ ဒဿမ ၂ သန်းကိုလည်း နှစ်နိုင်ငံ ပူးပေါင်း၍ နိုင်ငံသား စိစစ်ရေး ကိစ္စများ ဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာအလုပ်သမားများကို၂၀၁၃ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ထိုင်းနိုင်ငံသားများနှင့် အတူ တနေ့ လုပ်အားခ ဘတ်ငွေ ၃၀၀ ရရှိရန် ဆောင်ရွက်ပေးမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုင်း အစိုးရအနေနှင့် မြန်မာအလုပ်သမားများနှင့် စစ်ပြေး ဒုက္ခသည်များအား ကူညီဆောင်ရွက် ပေးနေမှုများကို ကျေးဇူတင်ကြောင်း bangkokbiznews သတင်း၌ ရေးသားသည်။

“ထိုင်းအစိုးရအနေနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်၊ ထိုင်းနိုင်ငံဟာ ငယ်ပေမယ့် ဒိန်းမတ်နိုင်ငံလို မချမ်းသာ ဘူး၊ ဒါပေမယ့် ဒုက္ခသည်တွေကိုတော့ အကောင်းဆုံး ဖြစ်အောင် ကူညီခဲ့တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းနှင့် တွေ့ဆုံခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် မဟာချိုင်ဒေသရှိ မြန်မာအလုပ်သမားများ အတွက် နိုင်ငံသား စိစစ်ရေးရုံးသို့ ထပ်မံ သွားရောက်ခဲ့သည်။ မြန်မာ အလုပ်သမားများအား ယာယီနိုင်ငံကူး လက်မှတ် လုပ်ပေး နေ သည့် အခြေအနေများကို သွားရောက်လေ့လာခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အလုပ်သမားများ နှင့် ဒုက္ခသည်များ အရေးကို ဆက်လက် ၍ ကြိုးစားလုပ်ဆောင်သွားမည်ဟု အလုပ်သမားများကို ထပ်မံပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်း ပြောဆိုခဲ့သည်။

“ကြိုးစားပါ့မယ်လို့ ပြောလို့ တချို့က အားရချင်မှ အားရမှာ၊ အခုချက်ချင်း လက်ငင်း လုပ်ပေးစေချင်တဲ့သူတွေ ရှိမှာပဲ၊ ဒါပေမယ့် ကတိတွေပေးပြီး ပြည်သူတွေကို မလှည့်ဖျားချင်ပါဘူး”ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပ ခရီးစဉ် အဖြစ် ၂၄ နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဘန်ကောက်တွင် ကျင်းပနေသည့် ၂၀၁၂ ခုနှစ် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးညီလာခံသို့ တက်ရောက်လာခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့ တဖက်ကမ်း မဲဆောက်မြို့ရှိ ဒေါက်တာ စင်သီယာမောင် ဆေးခန်းနှင့် မယ်လဒုက္ခ သည် စခန်းများသို့လည်း စနေနေ့တွင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရန် အစီအစဉ်ရှိကြောင်း သိရသည်။
ဧရာဝတီ

လမ်းမတော်အထက(၂) ကျောင်းအုပ် ဆရာမကြီးငွေပေးမှကျောင်းအပ်ခွင့်ရ

ဇွန်လ ၁ရက်၊ ၂၀၁၂။ နော်ဆဲကလယ် (ကေအိုင်စီ)
 ရန်ကုန်မြို့၊ လမ်းမတော် အထက(၂)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းသန်းစိုးသည် ကျောင်းသားများ လက်ခံရာတွင်သိန်းနှင့်ချီသည့် ငွေကြေးများဖြင့် ကျောင်း ၀င်ခွင့်လက်ခံသည်ဟု ကျောင်းသားမိဘ အုပ်ထိန်းသူများက ကေအိုင်စီကို ပြောသည်။

ကျောင်းအပ်ရာတွင် ပါဝင်လိုက်ပါသွားသူ ကျောင်းသားက “ကျနော်က အလက(၁) လမ်းမတော်ကနေ ပြောင်းရတာပါ။ မေလ ၂၅ ရက် နေ့က သွားအပ်တာပါ။ ကျောင်းအပ်တော့ အဒေါ်က စာအိတ်ထဲ ငွေတစ်သိန်းထည့်ထားပြီး ဆရာမတွေလက်ထဲ ထည့်လိုက်တာပါ။ မတက်ရမှာစိုးလို့ ပေးတာလို့ ပြောပါတယ်။ တခြားကျနော့်သူငယ်ချင်းတွေလည်း ပိုက်ဆံမပေးလို့ မတက်ကြရဘူး”ဟု ပြောသည်။
 
ကျောင်းသားမိဘတစ်ဦးဖြစ်သော ဒေါ်မြမြဦးကလည်း သူမ၏သားကို ကျောင်းသွားအပ်ရာ ဆရာမကြီးမှ သတ်မှတ်ဦးရေ ပြည့်ပြီဖြစ်၍ လက်ခံမိပါက အထက်လူကြီးများ လာကြည့်လျှင် သူမ အလုပ်ပြုတ်မည်ဖြစ်ကြောင်း ပြောသဖြင့် လမ်းမတော် အထက(၁) (ယခင် စိန် ဂျွန်း)ကျောင်းသို့ အပ်လိုက်ရသည်ဟု ယခုလို ပြောသည်။

“ကျမက အထက(၂) လမ်းမတော်ထွက်တဲ့ ကျောင်းသူပါ။ သမီးကလည်း ဒီကျောင်းမှာ လက်ရှိ ၁၀တန်း ဖြေထားပါတယ်။ သားကို အမနဲ့ အတူ ထားချင်လို့ အပ်တာပါ။ နေတာလည်း လမ်းမတော်ရပ်ကွက်ထဲမှာပဲလေ။ ဆရာမကြီးက ခွဲတမ်းက ၃၄ယောက်ပဲ ရတာတဲ့။ ကျန် တာကို ၀န်ထမ်းသားသမီးတွေအတွက် ထားတာလို့ ပြောပါတယ်။ ငွေပေးရင်ရတယ်လို့ သူများတွေပြောပေမယ့် မပေးနိုင်ပါဘူး”ဟု သူမ က ပြောသည်။

အဆိုပါကျောင်းမှာ ဒလဘက်ကမ်းနှင့် နီးသော်လည်း ဒလဘက်မှ ကျောင်းသူကျောင်းသား အများစုကို လက်မခံသဖြင့် ကျောင်းသားများ မှာ လိပ်စာပြောင်းကာ ကျောင်းအပ်ရကြောင်း သိရသည်။ ဒလတစ်ဘက်ကမ်းနေ ကျောင်းသားများ၏ မိဘများမှာ ရန်ကုန် ပြည်သူ့ဆေးရုံ ကြီးမှ ၀န်ထမ်းများဖြစ်ကြပြီး အများစုမှာ အထက(၂)နှင့် နီးသဖြင့် ထိုကျောင်း၌ ကျောင်းတက်လိုကြခြင်းဖြစ်သည်။

ဒလ ၀န်ထမ်းအိမ်ယာမှ ဆေးရုံဝန်ထမ်း၏ သမီးဖြစ်သူ န၀မတန်းကျောင်းသူကလည်း “သမီးက အလက(၁)ကနေ ပြောင်းတာပါ။ ၁၀ရက် နေ့မှာ ဖောင်(လျှောက်လွှာ)ကို ၅၀၀ပေးပြီး ၀ယ်ရပါတယ်။ ၁၅ရက်နေ့ လာကြည့်ခိုင်းပါတယ်။ ၂၂ရက်နေ့ လူရွေးမယ်လို့ ပြောပါတယ်။ ၂၂ရက်နေ့လာတော့လည်း ၂၅ရက်နေ့ လာကြည့်ခိုင်းတယ်။ နောက်တော့ သမီးမပါဘူး။ ဒါကြောင့် အထက(၁)မှာပဲ အပ်လိုက်ရပါတယ်” ဟု ဆိုသည်။

သို့သော် သူမ၏ သူငယ်ချင်းဖြစ်သူမှာမူ မုန့်ပုံး ၂ပုံးနှင့် ငွေ ၃သောင်းပေးသည့်အတွက် န၀မတန်း-E အခန်းတွင် တက်ရောက်ခွင့်ရသည် ဟုလည်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောင်းအုပ်ဆရာမကြီးအား ဆက်သွယ်ရာ Sky Net မှလွဲ၍ မည်သည့်မီဒီယာနှင့်မှ လက်ခံတွေ့ဆုံခြင်း မပြုနိုင်ဟု တာဝန်ကျ ဆရာမများအား ပြောထားသဖြင့် မေးမြန်းခွင့် မရခဲ့သလို ဒုပညာရေးမှူးအား သွားရောက်တိုင်ကြားရာ မည်သို့မျှ မတတ်နိုင်ကြောင်းသာ တုန့်ပြန်ပြောဆိုခဲ့သည်ဟု သိရသည်။

အထက(၂) လမ်းမတော်၏ ယခင် ကျောင်းအုပ်မှာ ဦးမြင့်ဆွေဖြစ်ပြီး ယခု ကျောင်းအုပ် ဒေါ်သန်းသန်းစိုးမှာ ၂၀၁၁ခုနှစ်၊ သြဂုတ်လမှ စတင် တာဝန်ယူခြင်းဖြစ်သည်။

Karen 5 Arm Groups to unite-video



Karen armed groups have agreed in principal to unite under the same flag to try to resolve all conflicts between them through peaceful dialogue. The armed groups say they will officially recognize the blue, white and red flag that is currently regarded by all Karen as their national flag

Representatives of the five groups met on May 28 in Pa-an District to discuss how they could work peacefully together. Karen religious leaders organized the meeting. Attending the meeting were representatives from the Karen National Union (KNU), Karen Peace Force (KPF), KNLA/KNU Peace Council, the Democratic Karen Buddhist Army’s Klo Htoo Baw and the Karen Border Guard Force.

Reverend Robert Htwe, one of the meetings organizers, told Karen News.
“The five representatives from the five Karen armed groups agreed they will all unite under the same flag of the Karen people, will avoid armed conflict and if conflict does occur seek a peaceful solution.”

Reverend Robert Htwe said if the armed groups see a positive result from working together, the future for all Karen would be better.

Four of the five, armed Karen groups have each reached individual ceasefire agreements with the Burma government – the Border Guard Force group is under the direct control of the Burma Army.

 http://democracyforburma.wordpress.com

အစိုးရတပ်များ ကရင်ပြည်နယ်အတွင်း အင်အားဖြည့်တင်းမှုရှိနေ

မြန်မာအစိုးရနဲ့ KNU ကရင်အမျိုးသား အစည်းအရုံးတို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီထားကြပေမယ့် KNU ထိန်းချုပ် ဒေသအတွင်းမှာ မြန်မာ့ တပ်မတော်ဘက်က စစ်အင်အားနဲ့ ရိက္ခာ ဖြည့်တင်းနေတာတွေ ဆက်ရှိနေပြီး ဒါတွေဟာ နှစ်ဘက် အပြန်အလှန် ယုံကြည်မှု ရရှိရေးအတွက် အနှောင့်အယှက် ဖြစ်စေတယ်လို့ KNU တာဝန်ရှိသူတွေက ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။

RFA/Karen Program
KNU ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစောလှငွေ ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပသော ဘာသာပေါင်းစုံ ကရင်တိုင်းရင်းသားများ တွေ့ဆုံဆွေးနွေးပွဲတွင် တွေ့ရစဉ်။

ထိုင်း-မြန်မာနယ်စပ် အခြေစိုက် Free Burma Rangers (FBR) အဖွဲ့က လေ့လာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ KNU နယ်မြေအတွင်း မြန်မာ စစ်တပ်တွေ အင်အားဖြည့်တာ ရိက္ခာ လက်နက် ဖြည့်နေတာတွေ ရှိနေတယ်လို့ ဖော်ပြထားပြီး မြိတ် ထားဝယ်ခရိုင်မှာ အရပ်သားတွေကို အစိုးရတပ်သားက ပစ်ခတ်မှုတွေ ရှိသလို၊ မူထရောနဲ့ တောင်ငူခရိုင် (တော်ဦး) ဒေသမှာ ခြောက်လှန့် ပစ်ခတ်မှုတွေ၊ လက်နက်ခဲယမ်း သယ်ဆောင်မှုတွေ ရှိကြောင်း ဖော်ပြထားပါတယ်။

ဒီသတင်း အချက်အလက်တွေနဲ့ ပတ်သက်ပြီး KNU ကို မေးမြန်းစုံစမ်းရာမှာတော့ ၄၅ ရက်လောက် အတွင်းမှာတော့ တိုက်ပွဲအနေနဲ့ တက်လာတာတော့ မတွေ့သေးကြောင်း၊ ဒါပေမဲ့ တပ်စခန်းချဲ့တာ၊ ရိက္ခာ လက်နက် ဖြည့်နေတာတွေ ရှိနေကြောင်း၊ ဒီလိုလုပ်ရပ်တွေ နည်းပါးသွားရမှာ ဖြစ်သလို အခုလို ဖြစ်ရပ်တွေဟာ တင်းမာမှု လျော့ကျရေးကို အထောက်အကူ မပြုကြောင်း၊ လူထုပြန်လည် လာရောက်နိုင်ရေးအတွက် အခြေအနေများ ဘာမှ ထူးခြားလာခြင်း မရှိသေးကြောင်း KNU ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစောလှငွေ က ပြောပါတယ်။

Free Burma Rangers (FBR) အဖွဲ့ဟာ ပြည်တွင်းစစ် ဖြစ်နေတဲ့ ဒေသတွင်းက ရွာပုန်း ရွာရှောင် ဒေသခံ ပြည်သူတွေအတွက် ဆေးဝါးနဲ့ အခြေခံ လူသုံးပစ္စည်းတွေကို
ကူညီထောက်ပံ့ပေးနေတဲ့ အမေရိကန် အခြေစိုက် အဖွဲ့တစ်ဖွဲ့ ဖြစ်သလို စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လွတ်လပ်တဲ့နည်းနဲ့ စုံစမ်းဖော်ထုတ်နေတဲ့
အဖွဲ့လည်း ဖြစ်ပါတယ်။

RFA

Thursday, May 31, 2012

ရမ်းဗြဲ မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကို ညတွင်းချင်း ဖမ်းမိ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကို ညတွင်းချင်း ရဲအဖွဲ့က ဖမ်းဆီးမိခဲ့သည်ဟု သတင်း ရရှိသည်။

ဖမ်းမိသူ (၃) ဦးမှာ ရမ်းဗြဲမြို့နယ် ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ဖြစ်ကြသည်။ သူတို့ သုံးဦးစလုံးမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။

ရမ်းဗြဲမြို့နယ်မှ ကျေးရွာ တစ်ရွာ မြင်ကွင်း ( ဓါတ်ပုံ- နိရဉ္စရာ)

ထက်ထက်ဆိုသူ အား ရမ်းဗြဲမြို့တွင် မုဒိမ်းပြုကျင့် သတ်ဖြတ်ခံရသူ မသီတာထွေးလက်ဝတ် လက်စားများနှင့် အတူ ဖမ်းဆီးမိခဲ့ကြာင်း သိရသည်။  ကျန် နှစ်ဦးအား ကျောက်ထရံကျေးရွာမှပင် ယမန်နေ့ ညဉ့်က ဖမ်းဆီးမိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ တရားခံ သုံးဦးစလုံးကို မိပါပြီ။ ကျေးရွာပေါင်း ၁၁ ရွာခန့်က လူတွေ ကျောက်နီမော်ကို ချီတက်လာပြီး ရဲစခန်းကို ၀ိုင်းပြီး တောင်းဆိုကြတယ်။ တရားခံတွေကို ချက်ချင်း ဖေါ်ထုတ်ပြီး  ရဲက ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု ကျောက်နီမော် ဒေသခံက နိရဉ္စရာသို့ ပြောသည်။

ယမန်နေ့က ကျောက်နီမော် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၁ ခန့်က ဒေါသထွက်နေသော ရခိုင် လူအုပ်ကြီးသည် ကျောက်နီမော် ရဲစခန်းအား ၀ိုင်းဝန်းလိုက်ကြပြီး လူသတ် တရားခံများကို အမြန်ဆုံး ဖမ်းဆီး အရေးယူဖေါ်ထုတ်ရန် တောင်းဆိုခဲ့ကြသည်။

“ လူပေါင်း ၈၀၀ ကနေ ၁၀၀၀ ထိ ရှိမယ်ထင်ပါတယ်။ လူတွေက တော်တော့ကို ဒေါသ ထွက်နေကြတယ်။ သက်ဆိုင်ရာ ခရိုင်၊  မြို့နယ်  တာဝန်ရှိသူတွေနဲ့ ရဲအဖွဲ့က မနည်း တားဆီးခဲ့ရတယ်။ မဟုတ်ရင် ပြဿနာ တော်တော်ကြီးကျယ်သွားနိုင်ပါတယ်” ဟု သူက ဆက်ပြောသည်။

ဒေါသထွက်နေသော လူအုပ်ကြီးသည် ကျောက်နီမော် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်း နေအိမ်တွင် သင်္ကာမကင်းခံရ၍ တစ်ခြား အစ္စလာမ်ဘာသာဝင် လူငယ် (၂)ဦးအား စစ်ဆေး မေးမြန်းနေသည်ကို လူသတ် တရားခံများ အဖြစ် တင်မှတ်ကာ အဆိုပါ လူငယ် ၂ ဦးအား အသေသတ်ရန် ၀ိုင်းဝန်း ချီတက်လာသည်ကို ရဲအဖွဲ့က လမ်းမှ တားဆီးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
ယခုကဲ့သို့ အခြေအနေများကြောင်း အဆိုပါ တရားခံ (၃)  ဦးအား ညဥ့်တွင်းချင်း ကျောက်ဖြူသို့ ယူဆောင်သွားရကြောင်း သိရသည်။

ယနေ့ ကျောက်နီမော် အခြေအနေမှာ ငြိမ်သတ်ပြီး နံနက်ဈေးတွင် လူသူ မရှိဘဲ ခြောက်ကပ် နေကြောင်း မျက်မြင်များက ပြောသည်။ ၎င်းပြင် တစ်ရွာနှင့် တစ်ရွာအကြား ကူးသန်း သွားမူ ရပ်ဆိုင်းနေပြီး အဓိကအားဖြင့် အစ္စလာမ်ဘာသာဝင်များမှာ အပြင်ကို မထွက်ဘဲ ရှိနေကြသည်ဟု ဆိုသည်။

သေဆုံးသွားသူ မသီတာထွေး (၂၆) နှစ်အား ယနေ့ နေ့လည်ပိုင်းတွင် သဂြိုလ်မည် ဖြစ်ရာ ပြဿနာများ မပေါ်ပေါက်အောင် ရပ်မိ ရပ်ဖများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ကြပ်မတ် ဆောင်ရွက်နေကြောင်း သိရသည်။

မသီတာထွေးသည် သူမနေထိုင်ရာ သပြေချောင်ကျေးရွာသို့ ကျောက်နီမော်ကျေးရွာမှ အပြန်တွင် မေလ ၂၈ ရက် ညနေ ၅ နာရီကျော်ခန့်တွင် အစ္စလာမ်ဘာသာဝင် လူငယ် သုံးဦး မုဒိမ်းကျင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ မျက်မြင်များ အပြော အရ သူမလည်ပင်းအား လှီးဖြတ်ထားပြီး ရင်ဝကို ဓါးဖြင့် အကြိမ်ကြိမ်ထိုးသတ်ကာ အမျိုးသမီး အင်္ဂါစပ်များအားလည်း ဓါးဖြင့် ချေမွထားကြောင်း သိရသည်။

ယခုကဲ့သို့  လူမဆံစွာ ကျူးလွန်ထားမူအပေါ် ဒေသခံ ရခိုင်များက အထူး ဒေါသထွက်လျှက်ရှိနေကြောင်း သိရသည်။

( အမှားပြင်ချက်။ ။ ယခင် သတင်းတွင် မသီတာထွေး အသက်အား ၁၆ နှစ်ဟု မှားယွင်းစွာ ဖေါ်ပြ ပါရှိသွားပါသည်။ သူမမှာ သေဆုံးချိန်တွင် အသက် ၂၆ နှစ်ရှိပြီ ဖြစ်ကြောင်း သိရပါသည်။)

 နိရဉ္စရာ

တအာင်းအမျိုးသားတပ်မတော်(TNLA) နှင့် အစိုးရတပ် တိုက်ပွဲထပ်ဖြစ်

Thursday, 31 May 2012


၂၀၁၂ခုနှစ်၊ မေလ၂၉-ရက်နေ့ မနက်ပိုင်း၈-နာရီ ၄၅ နာမိနစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ် ပန်ဆွေရွာနှင့် ထာတ်ကျဲတ်ရွာ အကြားတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် နမ့်လင်း အခြေစိုက် မြန်မာအစိုးရ တပ်တို့မိနစ်(၂၀)ကြာ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲတွင် အစိုးရတပ်စခန်းမှ တပ်သား ၃ဦးကျဆုံးပြီး TNLAဘက်တွင် ထိခိုက် ဒဏ်ရာရရှိမှု မရှိကြာင်းလည်း သိရသည်။ အစိုးရတပ်နှင့်အတူ ထွန်းမြတ်လေးဦးအောင်သည့် နမ့်ဆန်ပြည်သူ့စစ် အဖွဲ့လည်း ပါဝင်ကြောင်း TNLAမှ တားဟိုဝ်ပ္လါင် ပြောပြချက်အရ သိရသည်။ 
 
 တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်မှ တပ်ရင်း-၁၁၂ မှတပ်ခွဲ(၁) ဒုဗိုလ်မှူးလွယ်ဆိုင် တာဝန်ယူ ဦးဆောင်ပြီး တိုက်ခိုက်ခဲ့ကြောင်း သူက ဆက်ပြောပြခဲ့သည်။
Copy from - www.palaungland.org

ဇွန်လ၂ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်များကိုသွားတွေ့မည် (KIC News)

 
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည်များကို လာမည့် ဇွန်လ ၂ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က သွားရောက်တွေ့ဆုံမည်ဟု သူမ၏ ထိုင်းခရီးစဉ်၌ ကူညီဆောင်ရွက်ပေးနေသူ KNU/KNLA ငြိမ်းချမ်း ရေးကောင်စီမှ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဒေါက်တာတီမသီက ယနေ့ အတည်ပြု ပြောကြားလိုက်သည်။
“(မယ်လ)ဒုက္ခသည်မှာရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့ အရင်သွားတွေ့မယ်။ ဒုက္ခသည်တွေရဲ့ ပြဿနာတွေကို သူ(ဒေါ်စု) သိအောင်လုပ် မယ်။ အဓိကတော့ လူထုတွေရဲ့ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံနေရတာကို သူ့အနေနဲ့ လက်တွေ့ကျကျသိဖို့ သူသွားမှာပေါ့။”ဟု သူက ပြောသည်။
KNU/KNLA ငြိမ်းချမ်းရေးကောင်စီသည် ထိုင်းအစိုးရနှင့် ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည့်နေရာများနှင့် တွေ့ဆုံလို သည့်အဖွဲ့အစည်းများကို လိုက်လံဆက်သွယ်ကာ ကူညီလုပ်ဆောင်ပေးနေခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ဇွန်လ ၂ရက်နေ့ နံနက် ၉နာရီခွဲအချိန်တွင် လေကြောင်းလိုင်းဖြင့် မဲဆောက်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ထိုမှတဆင့် မယ်လဒုက္ခသည် စခန်းသို့ သွားရောက်ပြီးမှသာလျှင် မယ်တော်ဆေးခန်း တည်ထောင်သူ ဆရာမ ဒေါက်တာစင်သီယာမောင် အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့် မဲဆောက်တွင် ဆက်လက် တွေ့ဆုံသွားမည်ဟု ဒေါက်တာတီမသီက ကေအိုင်စီသို့ ပြောသည်။
ဒေါက်တာတီမသေက “ကျနော်တို့အဖွဲ့အတွက်ပဲ မဟုတ်ပါဘူး။ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးရဲ့ လိုလားမှုအားလုံး အပေါ်မှာလည်း ကျနော်တို့အနေနဲ့ ဆောင်ရွက်ပေးတာပါ”ဟု ဆိုသည်။
အလားတူ ကရင်ဒုက္ခသည်များကော်မတီ(KRC)၏ အတွင်းရေးမှူးစောဂျော့က “ဒေါ်စု မယ်လစခန်းကို ဇွန်လ ၂ရက်နေ့မှာ လာမယ့်အ ကြောင်း မယ်လစခန်းက ပလာ(ထိုင်းအာဏာပိုင်)က ကျနော်တို့ကို ဒီနေ့ပဲ ဆက်သွယ်ပြောပြလာတယ်။ အဓိကတော့ စခန်းကော်မတီ တွေကို ဒီရက်ပိုင်း ဘယ်မှမသွားသေးဖို့တော့ ပလာက ပြောထားတယ်”ဟု ကေအိုင်စီသို့ ယနေ့ညနေက အတည်ပြု ပြောဆိုခဲ့သည်။
သို့သော် မဲဆောက်တွင် တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံမည်ကို ကြားသိထားမှုသာရှိပြီး အချိန်အတိအကျ မသိရသေးကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၃၀ရက်မှ ဇွန်လ ၁ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ပြုလုပ်မည့် ကမ္ဘာ့စီးပွားရေးနှီးနှော ဖလှယ်ပွဲ-WEF တွင် တက်ရောက်ရန် ပြည်ပခရီးစဉ်အဖြစ် ယမန်နေ့ည ၉နာရီကျော်က ထိုင်းလေကြောင်းလိုင်းဖြင့် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘုံမိလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။
၁၉၈၈ခုနှစ်နောက်ပိုင်းမှစ၍ နေအိမ်အကျယ်ချုပ်ဖြင့် အကြိမ်ကြိမ် ဖမ်းဆီးခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ခုနှစ်၊ ရွေး ကောက်ပွဲအပြီးတွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်၍ တနှစ်ကျော်အကြာ ပထမဆုံး ပြည်ပခရီးစဉ်ကို စတင်ခဲ့ခြင်းဖြစ် သည်။

Wednesday, May 30, 2012

MKO ရုံးသို့ အမေရိကဆေးတက္ကသိုလ်မှ ကျောင်းသူ၊ကျောင်းသားများ လာရောက်လေ့လာ




30.5.2012ရက်နေ့၊  နေ့လည် ၁၂း၀၀ နာရီအချိန်တွင် UNHCR ကိုယ်စားလှယ်တစ်ဦးနှင့် အမေရိကဆေးတက္ကသိုလ်မှ ကျောင်းသူ၊ကျောင်းသား(၁၀)ယောက်ခန့်ကMKOရုံးသို့ လေ့လာရေး
အဖြစ် ရောက်ရှိလာပြီး MKO တာဝန်ရှိပုဂ္ဂိုလ်များနှင့်(၁)နာရီကြာ တွေ့ဆွေးနွေးခဲ့သည်။

UNHCR နှင့် ကျောင်းသူကျောင်းသားတို့၏ မေးမြန်းချက်များကို MKO အတွင်းရေးမှူးဒန်းနစ်စောထူးမှ ပြန်လည်ဖြေကြားရာတွင် (MKO) ကို2005 ခုနှစ်မှစတင်တည်ထောင်ခဲ့ကြောင်း၊ MKO ကျောင်းတွင် ဆရာ/ဆရာမ(၁၀)ဦးက တာဝန်ခံသင်ကြားလျှက်ရှိကြောင်း၊ ယခုလက်ရှိ (MKO) ရုံးတွင် ကျောင်း သူကျောင်းသားများ၊ ကျောင်းသားမိဘနှင့် ဆရာ/ဆရာမများ စုစုပေါင်း စုစုပေါင်း 100 ခန့်နေထိုင်ကြောင်း၊ ၄င်းတို့သည် မလေးရှားသို့ပွဲစားများမှတစ်ဆင့် ကား၊ရထား၊ လှေများဖြင့်လာရောက်ရှိလာခဲ့ ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသွားပါသည်။

၎င်းပြင် Science, Mathematics and English ဘာသာရပ်များကို သင်ကြားပေးလျှက်ရှိသော MKO Learning Certer နှင့် စက်ချုပ်သင်တန်း၊ ကွန်ပြူတာသင်တန်း၊ တူရိယာသင်တန်းခန်း၊ MKO စားသောက်ဆိုင်တို့ကို  အသေးစိတ် လေ့လာသွားခဲ့ပါသည်။

UNHCR နှင့် ကျောင်းသူ/သားတို့သည် နေ့လည် 1း00 နာရီအချိန်တွင် (MKO) ရုံးမှ ပြန်လည်ထွက်ခွာခဲ့သည်။





၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆုကို လဖိုင်နော်မိန်း ရရှိ


ပြည်ပရောက် မြန်မာနိုင်ငံသားများ ချီးမြှင့်သည့် "၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု" ကို ကချင်ပြည်နယ် စစ်ပွဲအတွင်း သတင်းသွားယူစဉ် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဒုက္ခိတဘ၀သို့ရောက်ခဲ့ရသူ Kachinland News သတင်းဌာန အယ်ဒီတာ ကချင်တိုင်းရင်းသား ဦးလဖိုင်နော်မိန်း (Lahpai Naw Ming) ရရှိခဲ့သည်။

တရားဝင် ဆုရှင်ရွေးချယ်ကြေညာခြင်း အခမ်းအနားကို အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် မေ ၂၇ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည်။

ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မဆရာမှ သတင်းသမားဘ၀ဖြစ်လာသူ လဖိုင်နော်မိန်းသည် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် စကာတင်  ၅ ဦးအနက် ရွေးချယ်ခံရသူဖြစ်သည်။

စကာတင် ၅ ဦးသည် လဖိုင်နော်မိန်းအပါအ၀င် သုခရိမ်မြုံ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ လူမှုအကျိုးဆောင် ဦးရန်နိုင်အောင် (ခ) ဦးဖိုးဖြူ၊ လူမှုအထောက် အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)တို့အား အင်တာနက်ပေါ်မှ မြန်မာနိုင်ငံအပါအ၀င် ၄၉ နိုင်ငံမှ မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။

စုစုပေါင်း ဆန္ဒမဲ ၅၁၃၉၂၂ တွင် ဆရာနော်မိန်းသည် ဆန္ဒမဲ ၅၁.၂၅% ဖြင့် ပြည်သူ့ဂုဏ်ရည်ဆု ကို ရရှိခြင်းဖြစ်သည်။

Federal ဒီမိုကရေစီအရေးနှင့် လူ့အခွင့်ရေးကိစ္စတို့တွင် ဆရာနော်မိန်းက စံနမူနာ သာဓကအနေဖြင့် ကြိုးစားပေးဆပ်ခဲ့မှုကို များစွာဂုဏ်ယူမိကြောင်း ထိုင်းနိုင်ငံအခြေစိုက် ကချင်ကျောင်းသားနှင့် လူငယ်သမဂ္ဂ (AKSYU)ခေါင်းဆောင် Leonard Shinra Chan က ပြောသည်။

“ဆရာနော်မိန်း အခုလိုပေးဆပ်လုပ်ဆောင်သွားဒါကို အများကြီး ဂုဏ်ယူတယ်။ ဒါကိုကြည့်ပြီး ကျနော်တို့ လူငယ်တွေလဲ ကိုယ့်လူမျိုးနဲ့ နိုင်ငံအတွက် ကိုယ်တတ်နိုင်တဲ့ တစ်နေရာကနေ ပေးဆပ်ဖို့လိုတယ်။ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်ရေးနဲ့ Federal အရေးတို့အတွက် အဖွဲ့အစည်းများ ဒါမှမဟုတ်၊ လူတဦးတယောက်ရဲ့ ကြိုးပမ်းမှုနဲ့ မပြီးမြောက်နိုင်ဘူး။ လူတိုင်းမှာတာဝန်ရှိတယ်။ လူတိုင်း ကိုယ်တတ်နိုင်တဲ့ဘက်က ရပ်ပြီး လုပ်ဆောင်သွားရမယ်။” ဟု Leonard က ဆိုသည်။

နော်မိန်း၏ ကိုယ်ရေးအကျဉ်းကို ပြည်သူ့ဂုဏ်ရည်အသင်း အင်တာနက် ၀က်ဆိုဒ်တွင် သူသည် ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်ဒုံကျေးရွာ တွင် မွေးဖွားခဲ့ကြောင်း ဖော်ပြသည်။

၎င်းသည် ရန်ကုန်၊ အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံဓမ္မတက္ကသိုလ်မှ B.Th (Bachelor of Theology) ဓမ္မပညာဘွဲ့ နှင့် မန္တလေး အဝေးသင်တက္ကသိုလ်မှ B.A (Bachelor of Art) ဘွဲ့ကို ရရှိခဲ့သည်။ အင်းစိန် ဓမ္မကျောင်းတက်စဉ် အင်းစိန်ဓမ္မတက္ကသိုလ် ကချင်ကျောင်းသားများ မိတ်သဟာရအဖွဲ့ (Kachin Student Fellowship) ၏ ဥက္ကဋ္ဌတာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။

ထို့နောက် မွေးရပ်မြေ မန်ဒုံကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်တွင် တရားဟောဆရာအဖြစ် ၁ နှစ်နှင့် ကွတ်ခိုင် ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မကောလိပ်တွင် ဆရာအဖြစ် ၁ နှစ် အမှုတော်ဆောင်ခဲ့သည်။

မန်ဒုံ အသင်းတော်တွင် အမှုတော်ဆောင်ရင်း ကျေးရွာဖွံ့ဖြိုးရေး၊ ကချင်ဘာသာဖြင့် ပညာပေး ဆောင်းပါးများရေးသားခြင်းနှင့် လူငယ်ပျိုးထောင်ခြင်းများကို ပါဝင်လုပ်ဆောင်ခဲ့သည်။

ဒေသခံရွာသူ/သားများကို မြန်မာအစိုးရစစ်တပ်၏ အဓမ္မပေါ်တာဆွဲ၊ မတရား ဖမ်းဆီးခေါ်ဆောင်ခြင်းများပေါ် ခံရသူဘက်မှ ရပ်တည် ကာကွယ်ပေးမှုကြောင့် အာဏာပိုင်များ၏ မကြာခဏ ဖမ်းဆီးစစ်ဆေးခြင်းနှင့် ရိုက်နက်ချုပ်နှောင်ခြင်းကိုလည်း ခံခဲ့ရသူဖြစ်သည်။

သူဦးဆောင်ပြီး Sinpraw Bum Media ခေါ် ကချင်သတင်းမီဒီယာအဖွဲ့ ကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်သည့် မိုင်ဂျာယန်မြို့တွင် ၂၀၀၂ ခုနှစ်၌ ထူထောင်ခဲ့သည်။ တချိန်ထဲမှာ လူငယ်များကို အခြေခံ သတင်းမီဒီယာ သင်တန်းများပေးခြင်းနှင့် KIO အဖွဲ့အတွင်း သတင်းမှတ်တမ်း ပြုစုခြင်းကိုလည်း ကူညီပေးခဲ့သည်။

၂၀၁၁ ခုနှစ် ဇွန်လမှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ပြန်လည်စတင်ခဲ့သော ပြည်တွင်းစစ်ကာလအတွင်း ကချင်လူငယ်တစု စုပေါင်း၍ Kachinland News သတင်းဌာနကို စတင်တည်ထောင်ပြီး သတင်းဌာန၏ အယ်ဒီတာ တာဝန်ကိုယူခဲ့သည်။

ယခုနှစ် ဇန်န၀ါရီ ၄ ရက်နေ့ အစိုးရတပ်နှင့် KIA တပ်ကြား ဖြစ်ပွားခဲ့သော ဗန်းမော်-လွယ်ဂျယ် လမ်းမ ယော်ယုန် (Yaw Yung) တိုက်ပွဲတွင် ကိုယ်တိုင်သွားရောက် ဗွီဒီယို သတင်းယူနေစဉ် အစိုးရစစ်သားများ ပစ်ခတ်သောလက်နက်ထိမှန်ကာ ပြင်းထန်စွာဒဏ်ရာရရှိပြီး လည်ပင်းအောက်ပိုင်း ကိုယ်ခန္ဓာ မလှုပ်ရှားနိုင်ဖြစ်သွားခဲ့သည်။

ပြည်သူ့ဂုဏ်ရည် အသင်းကို ၂၀၀၉ ခုနှစ် အမေရိကန် ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားများ စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ဂုဏ်ရည်တွင် "စွန့်လွှတ်အနစ်နာခံမှု၊ အလုပ်ကို ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်မှု၊ နိုင်ငံသားနှင့် လူသားအပေါ်မှာအကျိုးပြုနိုင်မှု၊ စသည့် စံနှုန်းသုံးခုအပေါ် မူတည်ပြီးရွေးချယ်ကြောင်းနှင့် ဆုကြေးငွေမှာ အမေရိကန်ဒေါ်လာ (၁) သောင်းဖြစ်သည်။

၂၀၁၀ ခုနှစ် ပထမဆုံး ပြည်သူ့ဂုဏ်ရည် ဆုရှင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၊ ၂၀၁၁ ခုနှစ် ဒုတိယ ပြည်သူ့ဂုဏ်ရည်ဆုရှင်သည် ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုတွင် ထိမ်းသိမ်းခံရသည့် ဗုဒ္ဓဘာသာရဟန်းများကို ကူညီပေးခဲ့သည့် ဒေါ်ရှုဖြစ်ပြီး ယခုနှစ် တတိယ ဆုရှင်သည် Kachinland News အယ်ဒီတာ ဦးလဖိုင်နော်မိန်း ဖြစ်သည်။

KNG

အမေရိကန်ရောက် ကရင်လူငယ် ၃ဦး အစိုးရ၏ပညာတော်သင်ဆုရရှိ

မေလ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
အမေရိကန်နိုင်ငံ၊ နယူးယော့ခ်ပြည်နယ် ဘတ်ဖလိုမြို့တွင် နေထိုင်သည့် ကရင်လူငယ် ၃ဦး အမေရိကန်အစိုးရမှ ပေးအပ်ချီးမြှင့်သည့် ၂၀၁၂ခုနှစ်အတွက် ပညာတော်သင်ဆု(Scholastic Achievement Recognition)ကို လက်ခံရရှိခဲ့သည်။



ယခုနှစ်အတွက် ပညာတော်သင်ဆု(စကောလားရှစ်ပ်)ကို ဘတ်ဖလိုမြို့ရှိ ကျောင်းသူကျောင်းသား ၂၄၆ဦးအား ရွေးချယ်ပေးအပ်ခဲ့သည့် အထဲတွင် အထက်တန်းကျောင်းကို ထူးချွန်စွာ အောင်မြင်ခဲ့သည့် နော်အယ်စေးထူး ၂၀နှစ်၊ စောဝင်းကိုဟန် ၁၈နှစ်နှင့် နော်မိုရင်းဒါသွယ် ၂၁နှစ်တို့လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

Lafayette High School အထက်တန်းကျောင်းတွင် ဘာသာစုံ၌ အမှတ်အများဆုံး ရရှိခဲ့သူ နော်မိုရင်းဒါသွယ်က “မျှော်လင့်မထားဘဲ အခုလို ပညာသင်ဆုရတော့ ၀မ်းသာတယ်။ သူများနိုင်ငံသားတွေကြားမှာမို့ ဂုဏ်လည်းယူတယ်။ တချိန်မှာ ကိုယ်တတ်ထားတဲ့ ပညာနဲ့ ကိုယ့်တိုင်းပြည်အတွက် ပြန်လုပ်ကိုင်ပေးမယ်လို့ စိတ်ကူးရှိပါတယ်”ဟု ပြောသည်။

သူမအနေဖြင့် Business and Accounting ဘာသာရပ်ဖြင့် Houghton College ကျောင်းတွင် ပညာဆက်လက်သင်ကြားရန် ရည်ရွယ် ထားသည်ဟုလည်း ကေအိုင်စီသို့ ပြောသည်။


အဆိုပါ ကရင်လူငယ်သုံးဦးသည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်းများမှ တတိယနိုင်ငံ အစီအစဉ်ဖြင့် ၂၀၀၈ခု နှစ်က အမေရိကန်နိုင်ငံသို့ ရောက်ရှိလာကြသူများ ဖြစ်သည်။

ကျောင်းစာအပြင် အားကစားပါ ထူးချွန်သူ စောဝင်းကိုဟန်က “ကျနော်အခုလို ပညာသင်ဆုရတာ ၀မ်းသာတယ်။ မြန်မာပြည်မှာ စာမကြိုး စားခဲ့ပေမဲ့ ယူအက်စ်ရောက်တော့ မကြိုးစားရင် အနှိမ်ခံရတယ်။

 အပြိုင်အဆိုင်တွေလည်း ရှိလာတော့ ကြိုးစားရင်း အခုလို အစိုးရက ထောက်ပံ့ဆုကို ရရှိတာပါပဲ။ ကျနော်က Fashion designer and business ကို အဓိကထားပြီး Billamariar college မှာ ဆက်တက် သွားမှာပါ”ဟု ကေအိုင်စီသို့ ပြောသည်။

Errie Community College-ECC တက်ရန် ရည်ရွယ်ထားသည့် နော်အဲ့စေးထူးက “ကျမရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဆရာဆရာမတွေ စကားကို နားထောင်တဲ့အပေါ် ဒီပညာသင်ဆုကို ရတာပါ။ Business လိုင်းကို ကျမ ဆက်တက်မယ်။ အခု ဘတ်ဖလိုကိုရောက်နေတဲ့ ကရင်လူမှုအသိုင်းအ၀ိုင်းအတွက် စီးပွားရေးလုပ်ငန်းထူထောင်ချင်လို့ပါ”ဟု ပြောဆိုသည်။

ဘတ်ဖလိုမြို့ Buffalo Niagara Marriott in Amherst တွင် ယခုနှစ်အတွက် ပေးအပ်သည့် ၃၂ကြိမ်မြောက် အဆိုပါပညာသင်ဆုတံဆိပ် နှင့်အတူ ကောလိပ်ကျောင်းဆက်တက်ရန် လေးနှစ်စာ ပညာသင်စရိတ် ဒေါ်လာ ၈သောင်းကို အမေရိကန်အစိုးရမှ ဆုရရှိသူ ကျောင်းသူ ကျောင်းသားများအား မေလ ၁၇ရက်နေ့က ပေးအပ်ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံသား ၆၀၀၀ကျော်ရှိသည့် အမေရိကန်နိုင်ငံ၊ ဘတ်ဖလိုမြို့တွင် ယခုနှစ်အတွက် ၎င်းကရင်လူငယ် ၃ဦးအပြင် ချင်းလူငယ်တစ် ဦး စုစုပေါင်း မြန်မာလူငယ် ၄ဦး ပညာတော်သင်ဆု လက်ခံရရှိခဲ့ခြင်းဖြစ်သည်။

ရမ်းဗြဲတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ

ရမ်းဗြဲမြို့နယ်မှ ကျေးရွာချင်း ဆက်ထားသော လမ်း။ (ဓါတ်ပုံ- နိရဉ္စရာ)





ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် သပြေချောင် ကျေးရွာမှ အသက် ၁၆ နှစ် အရွယ်သာ ရှိသေးသော မသီတာထွေးသည် မေလ ၂၈ ရက်နေ့က မုဒိမ်းကျင့်ခံရပြီးနောက် ရက်ရက်စက်စက် သတ်ဖြတ် ခံလိုက်ရသည်။

 " သူမဟာ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ စက်ချုပ်သင်နေတဲ့ အိမ်က တမိုင်ခွဲခန့် ဝေးတဲ့ သူမနေထိုင်တဲ့ သပြေချောင် ကျေးရွာကို ညနေ ၅ နာရီခွဲခန့်မှာ ပြန်သွားစဉ်မှာ ကျောက်ထရံ ကုလားရွာ အနီးမှာ မုဒိမ်းကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်" ဟု ကျောက်နီမော်မှ အရပ်လူကြီး တစ်ဦးက ပြောသည်။

မသီတာထွေးသည် အဘ ဦးလှတင် (ကွယ်လွန်) အမိ ဒေါ်မမြတို့၏ သမီးဖြစ်ပြီး ရမ်းဗြဲမြို့နယ် ကျောက်နီမော် တိုက်နယ် ချောင်းဝ ကျေးရွာ အုပ်စု သပြေချောင် ကျေးရွာမှ ဖြစ်သည်။

မသီတာထွေးအား မုဒိမ်းကျင့် သတ်ဖြတ်သူများမှာ ကျောက်ထရံကျေးရွာမှ မွတ်ဆလင် လူငယ် သုံးဦး ဖြစ်ပြီး ယခုအခါ တစ်ဦးကို ထွက်ပြေးစဉ် ရမ်းဗြဲတွင် ဖမ်းဆီးရမိထားကြောင်း သူက ပြောသည်။

" သူမကို မုဒိမ်းကျင့်ပြီး သတ်သွားတာက ကျောက်ထရံကျေးရွာက ကုလား လူငယ် (၃)ဦးဖြစ်တယ်လို့ သိရပါတယ်။ သူတို့အထဲက တစ်ဦးကိုတော့ ရမ်းဗြဲမှာ ဖမ်းမိထားပါပြီ။ သူက သူတို့ ကျူးလွန်တဲ့ အကြောင်း ခံဝန်ချက် ပေးထားတယ်လို့ သိရပါတယ်" ဟု သူက ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး သူက ဆက်လက် ပြောကြားရာတွင် မသီတာထွေးသည် ခါတိုင်းနေ့များတွင် တစ်ရွာတည်းနေ မိတ်ဆွေများဖြင့် သူမနေထိုင်ရာ သပြေချောင်း ကျေးရွာသို့ ပြန်လေ့ရှိကြောင်း၊ အခင်းဖြစ်ပွားသည့် ယမန်နေ့ ညနေပိုင်းက ကျောက်နီမော် ကျေးရွာ လမ်းထိပ်တွင် စောင့်နေစဉ် တစ်ရွာတည်းနေသူများ ပေါ်မလာသဖြင့် တစ်ဦးတည်းပြန်စဉ် ကျောက်ထရံ ကုလားရွာ အလွန် တာတမံဘောင်ရှိ ကုက္ကိုပင်တွင် ပုန်းအောင်းစောင့်နေသော မွတ်ဆလင် လူငယ် ၃ ဦးက အတင်းဆွဲချုပ် ဖမ်းဆီးပြီး မုဒိမ်းကျင့်ကာ ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့ကြောင်း သူက ပြောသည်။

" အခု လူသတ်မူက မြန်မာနိုင်ငံမှာ အဆိုးရွားဆုံး လူသတ်မူလို့တောင် ပြောချင်ပါတယ်။ မုဒိမ်းကျင့်ပြီးတဲ့နောက် သူမ လည်ပင်းကို ဓါးနဲ့ လှီးသတ်တယ်။ ရင်ဝကိုလည်း ဓါးနဲ့ အချက်ပေါင်း များစွာ ထိုးသတ်တယ်။ နောက်ကျောမှာလည်း ဓါးဒဏ်ရာ လေးချက် ငါးချက်တွေ့ရပါတယ်။ ပီးရင် သူမ၀တ်ထားတဲ့ ဆွဲကြိုးနဲ့ လက်စွပ် နှစ်ကွင်း၊ နာဋောင်းတွေကိုလည်း ယူသွားပါတယ်" ဟု ပြောသည်။

ကျောက်နီမော် ရဲစခန်းအား ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲသား တစ်ဦးက ယခုလို ပြောသည်။

" မုဒိမ်းကျင့်ခံရပြီး အသတ်ခံရတာ မှန်ပါတယ်။ သူမရဲ့ ထဘီ၊ အတွင်းခံ ဘောင်ဘီတွေကို သူမရဲ့ အလောင်းဘေးမှာ စုပုံပြီး တွေ့ရပါတယ်။ ဘယ်သူ သတ်တယ်ဆိုတာ အသေးစိတ်တော့ မပြောနိုင်သေးဘူး။ စစ်ဆေးနေတုန်းဘဲ ရှိပါတယ်။ အခု ခရိုင် အုပ်ချုပ်ရေးမှူး အပါအ၀င် လူကြီးတွေ ရောက်နေပါတယ်။ စခန်းမှူးလည်း အခု မအား ဖြစ်နေပါတယ်" ဟု ပြောသည်။

ကျောက်နီမော်ရဲစခန်းတွင် ဒေသခံ ဗုဒ္ဓဘာသာဝင် ၇၀၀ ခန့်က လူသတ် တရားခံအား အမြန်ဆုံး ဖေါ်ထုတ်ရန် ယနေ့တွင် ၀ိုင်းဝန်းတောင်းဆိုခဲ့ကြသည်ဟု သိရသည်။

ဆူပူမူများ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူးကြီး၊ ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူးတို့လည်း ကျောက်နီမော်သို့ ယခုအခါ ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ 


 နိရဉ္စရာ
 

ကိုးဒီသွေး Copyright © 2009 BeMagazine Blogger Template is Designed by Blogger Template
In Collaboration with fifa